25 C
Yangon

လောက်ကိုင် ဒကစ လက်အောက်ခံ ကုန်းကြမ်းမြို့ အခြေစိုက် ခလရ ၁၂၅ တပ် ရင်းတစ်ခုလုံး အလံဖြူထောင် လက်နက်ချ အလင်းဝင်၊ စစ်သားအရေအတွက်နှင့်လက်နက်ခဲယမ်း စိစစ်နေဆဲဖြစ်ပြီး မကြာမီ သတင်းထုတ်ပြန် မည်

Must read

လောက်ကိုင် ဒကစ လက်အောက်ခံ ကုန်းကြမ်းမြို့ အခြေစိုက် ခလရ ၁၂၅ တပ် ရင်းတစ်ခုလုံး အလံဖြူထောင် လက်နက်ချ အလင်းဝင်၊ စစ်သားအရေအတွက်နှင့်လက်နက်ခဲယမ်း စိစစ်နေဆဲဖြစ်ပြီး မကြာမီ သတင်းထုတ်ပြန် မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်ဒကစ) လက်အောက်ခံ ကုန်ကြမ်းမြို့အခြေစိုက် ခလရ ၁၂၅ တပ်ရင်းတစ်ရင်းလုံး အလံဖြူထောင် လက်နက်ချ အလင်းဝင်လာကြောင်း MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် တပ်ရင်းတစ်ခုလုံး အလံဖြူထောင် လက်နက်ချ အလင်းဝင်ခြင်းဖြစ်ပြီး လက်ရှိတွင် အလင်းဝင်သည့် စစ်အင်အား အရေအတွက်၊ ရရှိသည့် လက်နက်ခဲယမ်းအရေအတွက်၊ တိုက်ပွဲအခြေအနေများကို အသေးစိတ် စိစစ်နေကြောင်း၊ စိစစ်ပြီးစီးပါက MNDAA က တရားဝင် အသေးစိတ် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

ယခုကဲ့သို့ တပ်ရင်းအလိုက် လက်နက်ချ အလင်းဝင်မှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လောက်ကိုင် ဒကစ လက်အောက်ခံ ခလရ ၁၂၉ မှ အရာရှိနှင့်စစ်သား ၁၂၆ ဦး၊ မိသားစု ၁၃၄ ဦးစုစုပေါင်း ၂၆၂ ဦး အလင်းဝင်ခဲ့ကြသည်။

ပထအကြိမ်အဖြစ် နိုဝင်ဘာလ ၁၂ ရက်နေ့၊ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် ကိုးကန့် အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခလရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး နှင့် တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ မိမိတို ညီနောင်မဟာမိတ် (၃) ဖွဲထံသို့ ဆက်သွယ်ပြီး ပြည်သူ့ ရင်ခွင်အတွင်းသို ဝင်ရောက်လာခဲ့ကြသည်။

ပြည်သူ့ရင်ခွင်အတွင်းသို့ ဝင်ရောက်လာကြသူတစ်ဦးချင်းစီအား မြန်မာကျပ်ငွေ (၁၀ သိန်း) ၊ ၎င်းတို၏ မိသားစုဝင်တစ်ဦးချင်းစီအား တစ်ဦးလျှင် (၁) သိန်းကျစီ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ကျန်းမာရေးချိုယွင်း၊ ကျန်းမာရေးမကောင်းသူများကိုလည်း အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု စောင့်ရှောက်ပေးခဲ့ကြောင်း၊ ထိုနောက် ၎င်းတို့သွားလိုရာနေရာများအသီးသီးသိုလည်း လုံခြုံစွာပိုပေးထားခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လောက်ကိုင်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (၂၀၂၀ ခုနှစ်မှ ပုံအဟောင်းဖြစ်ပါသည်။)

လောက်ကိုင်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (၂၀၂၀ ခုနှစ်မှ ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article