29 C
Yangon

တစ်နိုင်ငံလုံးရှိ စစ်တပ် တပ်ရင်းတပ်ဖွဲ့များအားလုံးတွင် ကတုတ်ကျင်း တူးထားပုံများ၊ ရန်သူကို ရင်ဆိုင်မည့် ခုခံစစ် အသင့်အနေအထား လက်နက်တပ်ဆင်မှုများ ကို သရုပ်ပြမှုများနှင့်အတူ အစီရင်ခံစာများ စစ်ကောင်စီက တင်ပြခိုင်း

Must read

တစ်နိုင်ငံလုံးရှိ စစ်တပ် တပ်ရင်းတပ်ဖွဲ့များအားလုံးတွင် ကတုတ်ကျင်း တူးထားပုံများ၊ ရန်သူကို ရင်ဆိုင်မည့် ခုခံစစ် အသင့်အနေအထား လက်နက်တပ်ဆင်မှုများ ကို သရုပ်ပြမှုများနှင့်အတူ အစီရင်ခံစာများ စစ်ကောင်စီက တင်ပြခိုင်း

ရန်ကုန်၊ ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ချင်းပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးရှိ တပ်ရင်းတပ်ဖွဲ့များကို တော်လှန်ရေးတပ်များက သိမ်းပိုက်နေသည့်အတွက် ကျန်ရှိနေသည့် နိုင်ငံတစ်ဝန်းလုံးမှ စစ်တပ် တပ်ရင်းတပ်ဖွဲ့များအားလုံးတွင် ခုခံစစ်အတွက် ပြင်ဆင်ထားမှုများကို အသေးစိတ် အစီရင်ခံစာ စစ်ကောင်စီက တင်ပြခိုင်းထားကြောင်း သိရှိရသည်။

စစ်ကောင်စီက တပ်ရင်းတပ်ဖွဲ့များအားလုံးတွင် ဒရုန်းဖြင့် ဗုံးကျဲလျှင် ခံနိုင်ရည်ရှိသော ကတုတ်ကျင်းများ တူးထားကြရန်၊ ၂၄ နာရီ ကင်းပုန်းများ ချထားကြရန်၊ တပ်ရင်းတပ်ဖွဲ့များတွင် တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်ပါက ခုခံစစ်မှ ချက်ချင်း ထိုးစစ်သို့ ပြန်လည် တန်ပြန် တိုက်စစ်ဆင်နိုင်ရန်၊ လက်နက်ခဲယမ်းများကို အမြဲတမ်း အသင့်ရှိနေရေး ပြင်ဆင်ထားရန် စသည့် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းနောက် ထိုသို့ ထုတ်ပြန်ချက်များကို တပ်ရင်းတပ်ဖွဲ့များက လိုက်နာ ဆောင်ရွက်ခြင်း ရှိ၊ မရှိ အထက်သို့ အစီရင်ခံစာများကို ဓာတ်ပုံများနှင့်တကွ ပြန်လည် တင်ပြခိုင်းကြောင်း သိရှိရသည်။

လက်ရှိ နိုင်ငံတစ်ဝန်း တပ်ရင်းတပ်ဖွဲ့များတွင် တပ်မိသားစုများ ပြင်ပ သို့ မထွက်ခွာကြရန်၊ အပြင်လူစိမ်းနှင့်ဧည့်သည်များ လက်မခံရန်၊ အရာရှိနှင့် စစ်သည်များအားလုံး မည်သူမှ ခွင့်မပေးရန်၊ လူမှုကွန်ရက်များမှတစ်ဆင့် ထုတ်လွှင့်နေသော သတင်းများ (သတင်းတု၊ သတင်းမှားများဟု စစ်တပ် က ခေါ်ဝေါ်သုံးစွဲသည်) ကို မယုံကြည်ကြရန်၊ MRTV ၊ မြ၀တီနှင့် စစ်ကောင်စီ မီဒီယာများက ထုတ်လွှင့်သော သတင်းများကိုသာ အဓိက နားဆင်ရန်၊ မိမိ၏ တပ်နှင့် ခေါင်းဆောင်များကို သစ္စာရှိရန်၊ ငါမသေ ငါ့စခန်း မကျစေရ ဆိုသော အသက်စွန့်မည့် စိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ရန်၊ ရန်သူထံတွင် လက်နက်ချခြင်း၊ အလင်း ဝင်ခြင်း၊ CDM လုပ်ခြင်းများ လုံး၀ မပြုလုပ်ရန် ဆိုသော ညွှန်ကြားချက်များကိုလည်း ဆက်တိုက် ထုတ်ပြန်လျက်ရှိကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article