30 C
Yangon

ကော့သောင်းမြို့နယ်တွင် မိုက်ကြေးခွဲ သေနတ်ဖောက် ဆက်ကြေးကောက်နေသည့် တပ်ကြပ်ကြီး သိန်းအောင် ခရီးသွားတချို့၏ ခုခံမှုကြောင့် သေဆုံး

Must read

ကော့သောင်းမြို့နယ်တွင် မိုက်ကြေးခွဲ သေနတ်ဖောက် ဆက်ကြေးကောက်နေသည့် တပ်ကြပ်ကြီး သိန်းအောင် ခရီးသွားတချို့၏ ခုခံမှုကြောင့် သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၇

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ဆက်ကြေးကောက်နေသည့် တပ်ကြပ်ကြီး သိန်းအောင်သည် ခရီးသွားပြည်သူတချို့၏ ခုခံမှုကြောင့် သေဆုံးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ အများပြည်သူများ သွားလာနေသည့် လမ်းမကြီးတွင် သေနတ်ဖောက်၍ ဆက်ကြေးတောင်း ငွေကောက်ခံနေသည့် တပ်ကြပ်ကြီး သိန်းအောင်နှင့် ခရီးသွားပြည်သူတချို့၊ ရော်ဘာခြစ်လုပ်သားတချို့တို့ စကားများကြကြောင်း၊ ယင်းနောက် တောလိုက် လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆက်ကြေးကောက်သည့်နေရာတွင်ပင် တပ်ကြပ်ကြီး သိန်းအောင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“သေနတ်ဖောက်ပြီး ဆက်ကြေးကောက်နေတုန်း ခရီးသွားပြည်သူတွေ၊ ရော်ဘာလုပ်သားတွေနဲ့ အချင်းများတယ်။ အဲဒါ ခရီးသွားပြည်သူတွေနဲ့ ရော်ဘာလုပ်သားတွေက သူ့ကို ပြန်ခုခံချိန်မှာ တောလိုက် လက်လုပ်သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေနတ်ထိမှန်သေဆုံးပါတယ်။ ” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

သေဆုံးပြီးချိန်တွင် စစ်တပ်က အလောင်းကို လာရောက်ကောက်ယူသော် လည်း ပစ်ခတ်သွားသည့် ခရီးသွားပြည်သူတချို့ကို ဖမ်းဆီးနိုင်ခြင်းမရှိ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article