25 C
Yangon

ဟုမ္မလင်းမြို့အနီးရှိ စစ်တပ်၏ အောင်ဇေယျ တပ်စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်

Must read

ဟုမ္မလင်းမြို့အနီးရှိ စစ်တပ်၏ အောင်ဇေယျ တပ်စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အနီးရှိ အကြမ်းဖက် စစ်တပ်၏ အောင်ဇေယျ တပ်စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG အစိုးရ၏ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်၍ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်နေသော ဟုမ္မလင်းမြို့အနီးရှိ အောင်ဇေယျ အကြမ်းဖက် စစ်တပ်စခန်းကုန်းကို တိုက်ခိုက်ခဲ့​ကြောင်းသိရသည်။

အဆိုပါ တပ်စခန်းကို ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article