25 C
Yangon

လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးကို စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်၍ ဖျက်ဆီးသဖြင့် တစ်စျေးလုံး မီးလောင်ပြာကျပျက်စီး

Must read

လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးကို စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်၍ ဖျက်ဆီးသဖြင့် တစ်စျေးလုံး မီးလောင်ပြာကျပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေးကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် ဖျက်ဆီးသဖြင့် တစ်စျေးလုံး မီးလောင်ပြာကျပျက်စီးသွားကြောင်း KA စစ်ဖက်ဆိုင်ရာ အကြီးတန်းအရာရှိ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ကစ၍ လွိုင်ကော်မြို့၊ သီရိမင်္ဂလာရပ်ကွက်အတွင်းရှိ ဈေးကြီးကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက မီးရှို့နေခြင်းဖြစ်ပြီး ဈေးတစ်လုံးနီးပါး ပြာကျသွားပြီဖြစ် ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရပ်ကွက်များအတွင်းရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာ ရုံ၊ ဘုရားကျောင်းတို့တွင် ဝင်ရောက်တပ်စွဲနေရာယူကာ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

“အခု KNDF ၊ KA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက မြို့ထဲမှာရောက်ပြီလေ၊ မြို့ထဲရောက်လာတာတော့ ကြာပါပြီ၊ ဒါပေမယ့် ရပ်ကွက်တွေ၊ ဘာတွေထဲ တိုးဝင်လာတဲ့အခါကျတော့ မနေ့ကလည်း တနေ ကုန်၊ ၁ ရက် ၊ ၂ ရက်ရှိပြီ၊ မိုးရွာသလိုပဲ လက်နက်ကြီးတွေ ထုနေတယ်၊ လက်နက်ကြီးတွေ ထုတော့ မြို့လယ်ရပ်ကွက်တွေဖြစ်တဲ့ ရွှေတောင်ရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ ဓမ္မာရုံရပ်ကွက် တွေမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတို့၊ ဓမ္မာရုံတို့နေရာမျိုးတွေမှာက စစ်ကောင်စီတပ်သားတွေ နေရာယူတပ်စွဲ ထား တာ လေ၊ ပြောရရင်တော့ မြို့ထဲမှာ ပိုပြီးတော့ ရှုတ်ယှက်ခတ်လာပြီပေါ့၊ ပြီးတော့ ဒီမင်္ဂလာဈေး ကိုမီးရှို့တယ်ဆိုတာက ပူးပေါင်းတပ်တွေ ရိက္ခာရရှိနိုင်မယ့် နေရာမျိုးဖြစ်နိုင်တယ်ထင်လို့ ၊ အဲလို ယူဆလို့ မီးရှို့တယ်လို့ သုံးသပ်ရတာပေါ့၊ တမင်သက်သက်ရှို့တာလဲပါမယ်၊ တချို့တော့ မီးလောင်ဗုံး တွေနဲ့ ပစ်တာတွေလည်းရှိမှာပေါ့၊ ဈေးကတော့တော်တော်ပြောင်သွားပြီ၊” ဟု KA စစ်ဖက်ဆိုင်ရာ အကြီးတန်းအရာရှိ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြားသည်။

လွိုင်ကော်မြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးများအပါအဝင် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်သည့်အပြင် ခလရ ၅၃ တပ်နှင့် အမှတ် ၂၅၀ အမြောက်တပ်တို့မှလည်း လွိုင်ကော်မြို့ ထဲရှိ ရပ်ကွက်များအတွင်းသို့ နေစဉ်နှင့်အမျှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

“လေယာဉ်ကတော့ တစ်ရက်နှစ်ရက်ရှိပြီ၊ မနေ့ကအထိဆိုရင် ကျနော်ရေတွက်ကြည့်တာတေ့ အလုံး ၄၀ လောက်ရှိတယ်၊ အဲဒီထက်ပိုရင်လည်း ပိုမှာပေါ့၊ ပေါင် ၅၀၀ ဗုံးနဲ့က တစ်ရက်ကို ၂ လုံး ၃ လုံးချ တာ ရှိတယ်၊ တခြားက လက်နက်ကြီးတွေနဲ့ အဲလိုမျိုးတွေပစ်တာပေါ့၊ ၅၄ ကနေပစ်တယ်၊ ၂၅၀ အ မြောက်တပ်ကနေ ပစ်တယ်၊ အရင်ကတော့ မြို့ပြင်ပဲ ပစ်တာ၊ အခုက မြို့ပေါ်ရပ်ကွက်တွေထဲကို ရမ်းသမ်းပစ်ခတ်နေတာ၊ အခုတစ်ရက် ၂ ရက်အတွင်း ပိုဆိုးလာတာ၊” ဟု KA စစ်ဖက်ဆိုင်ရာ အ ကြီးတန်းအရာရှိက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article