27 C
Yangon

တရုတ်နိုင်ငံက ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ဝင် ပယ်ဆောက်ချိန် အပါအဝင် ၁၁ ဦးကို ဖမ်း၀ရမ်းထုတ်

Must read

တရုတ်နိုင်ငံက ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ဝင် ပယ်ဆောက်ချိန် အပါအဝင် ၁၁ ဦးကို ဖမ်း၀ရမ်းထုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ LiaoNingပြည်နယ် DaLianမြို့မှ သက်ဆိုင်ရာတရားစီရင်ရေးရုံးက ကိုးကန့်ရုပ်သေးအဖွဲ့ဖြစ်သော ဦးပယ်ဆောက်ချိန်အပါဝင်(၁၀)ဦးကို ဆိုင်ဘာမှုခင်းများနှင့် အခြားပြစ်မှုများကို ကျူးလွန်မှုကြောင့် ဖမ်းဝရမ်းထုတ်ဆင့်လိုက်ကြောင်း MNDAA က တရားဝင် သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံ ဖမ်း၀ရမ်းထုတ်ဆင့်သူများမှာ-

၁။ ဦးပယ်ဆောက်ချိန်

၂။ ပယ်ရင့်ချန်(ခ)လီယွင်ချိန် (ဦးပယ်ဆောက်ချိန်၏သား)

၃။ ပယ်ရင့်လန်(ခ)လီမုန့်န (ဦးပယ်ဆောက်ချိန်၏သမီး)

၄။ ဦးဝိဟိုင်ရိန်(ခ)ဦးဝိစိုင်း

၅။ ဝိယုံ(ခ)ချိန်ယုံ (ဦးဝိစိုင်း၏တူမ)

၆။ ဝိချင်ရှုံး(ခ)ရန်ရှုံး (ဦးဝိစိုင်း၏သား)

၇။ ဦးလျှိုကျိမ့်ရှန်

၈။ လျှိုကျီကွမ်(ခ)လီဟွာကွမ် (ဦးလျှိုကျိမ့်ရှန်၏သား)

၉။ လျှိုကျိမ့်မောက်

၁၀။ ရွှီလောက်ဖာ(ခ)ရွှီဖာချီ တို့ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံက အွန်လိုင်းဆိုက်ဘာလိမ်လည်မှုများနှင့်ပတ်သက်ပြီး အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြန်မာဘက်ခြမ်းမှ စစ်ကောင်စီ ကျောထောက် နောက်ခံပေးထားသော အွန်လိုင်းဆိုက်ဘာဂိုဏ်းများမှ ခေါင်းဆောင်များကို ဖမ်းဆီးအရေးယူမှုများ ဆက်တိုက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဦးပယ်ဆောက်ချိန်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article