25 C
Yangon

အမေရိကန်၊ နယူးယောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အဖြစ်”လူ့အခွင့်အရေးတွေပြန်ရဖို့ စစ်အာဏာရှင်ကိုအမြစ်ဖြတ်စို့” ခေါင်းစဉ်ဖြင့် ဆန္ဒထုတ်ဖော်

Must read

အမေရိကန်၊ နယူးယောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အဖြစ်”လူ့အခွင့်အရေးတွေပြန်ရဖို့ စစ်အာဏာရှင်ကိုအမြစ်ဖြတ်စို့” ခေါင်းစဉ်ဖြင့် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးနေ့ အထိမ်းအမှတ် အဖြစ်”လူ့အခွင့်အရေးတွေပြန်ရဖို့ စစ်အာဏာရှင်ကိုအမြစ်ဖြတ်စို့” ခေါင်းစဉ်ဖြင့် ယနေ့ ဆန္ဒထုတ်ဖော်ကြသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာလ ၁၀ရက်နေ့ (မြန်မာ စံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက်နေ့) အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်ခေါင်ရှိ Time Square ရင်ပြင်မှာ “လူ့အခွင့်အရေးတွေပြန်ရဖို့ စစ်အာဏာရှင်ကိုအမြစ်ဖြတ်စို့”ခေါင်းစဉ်ဖြင့် New York City Burmese Community (NYCBC)က ဦးဆောင်ကာ ဆန္ဒထုတ်ဖော်ပွဲကိုကျင်းပခြင်းဖြစ်သည်။

အမေရိကန်ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင်ကျင်းပသော အဆိုပါပွဲသို့ ဆောင်းတွင်းမိုးရွာသွန်းနေသည့်ကြားမှရာသီဥတုကိုအံတုပြီး နယူးယောက်ဒေသခံ မြန်မာပြည်သား အများအပြားတက်ရောက်ခဲ့ကြကြောင်း၊ အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ပြီး စစ်ဘေးရှောင်စခန်းများအပါအဝင် အရပ်သားပြည်သူများ​၏ အသက်အိုးအိမ်များကို စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲသတ်ဖြတ်နေမှုအပေါ် UN အပါအဝင် နိုင်ငံတကာမှ ပိတ်ဆို့ကန့်ကွက်အရေးယူပေးရန် ဆန္ဒဖော်ထုတ်ကာတောင်းဆိုကြကြောင်း သိရှိရသည်။

နွေဦးတော်လှန်ရေးတွင် ပြည်သူများဘက်မှ မားမားမတ်မတ်ရပ်တည်ကာ အကြမ်းဖက်စစ်တပ်ကို ခုခံကာကွယ် တိုက်ပွဲဆင်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ တိုင်းရင်သားညီအကိုများ​၏ ခုခံကာကွယ်ရေးတပ်ဖွဲ့များအောင်ပွဲအလီလီရရှိနိုင်စေရန်ရည်သန်၍ အောင်သပြေလှုပ်ရှားမှုကိုပါ တပါတည်းပြုလုပ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်မတရားဖမ်းဆီထားသူများအား ချက်ချင်းလွှတ်ပေးရေး၊ ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံထားရသော ကျောင်းသားပြည်သူများနှင့်အတူ တသားတည်းရပ်တည်ကြောင်း၊အမျိုးသမီးအခွင့်အရေးမြှင့်တင်ရေး နှင့် ကလေးသူငယ်အခွင့်အရေးအား ကာကွယ်စောင့်ရှောက်ကြရေး စသည်တို့ကို တက်ရောက်လာသော မြန်မာပြည်သူများမှ တင်ပြဟောပြောဆွေးနွေးကြသည်။

ထို့နောက် မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပတ်သက်သော ကြွေးကြော်သံများ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဆိုင်ရာကြွေးကြော်သံများကို နိုင်ငံတကာသိစေရန်အတွက် အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ဆန္ဒထုတ်ဖော်ကြသည်။

Photo by Kyaw Soe Latt, Htoo Nyi, Khun Phyo

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article