25 C
Yangon

ပလက်ဝတွင် စစ်သား ၂ ဦးနှင့် ရဲ ၈ ဦး အလင်းဝင်

Must read

ပလက်ဝတွင် စစ်သား ၂ ဦးနှင့် ရဲ ၈ ဦး အလင်းဝင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ချင်းပြည်နယ်၊ ပလက်ဝခရိုင်တွင် အကြမ်းဖက် စစ်တပ်မှ စစ်သား ၂ ဦးနှင့် ရဲ ၈ ဦး အလင်းဝင်လာကြောင်း ပလက်ဝကိုယ်ပိုင် အုပ်ချုပ်သော ခရိုင်ကောင်စီက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပလက်ဝခရိုင်၊ ရှင်းလက်ဝကျေးရွာရှိ အကြမ်းဖက် စစ်တပ် အခြေစိုက် ဗျူဟာ- ၃ ၊ ခလရ- ၂၉၉ တပ်ရင်းမှ ရဲဘော် ကျော်ထက်ဝေနှင့် ဒု-တပ်ကြပ် နိုင်လင်းအောင်တို့ ၂ ဦးသည် Chin land Defense Force- Paletwa ထံ အလင်းဝင်လာကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင်လည်း ရှင်းလက်ဝ ရဲစခန်းတွင် တာဝန်ကျနေသော ရဲတပ်သား ၈ ဦးသည် ထပ်မံ အလင်းဝင်လာခဲ့ကြောင်း သိရသည်။

ပလက်ဝကိုယ်ပိုင် အုပ်ချုပ်သော ခရိုင်ကောင်စီ/ ချင်းနယ်မြေ ကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) တို့၏ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက် အပိုဒ် ၂ ၊ ၃ အရ ပြည်သူ့ရင်ခွင်ကို အလင်းဝ င်ခိုလှုံသော စစ်သားနှင့် ရဲ စုစု ပေါင်း ၁၀ ဦးကို ဘေးကင်းလုံခြုံသည့်နေရာကို ပို့ဆောင်ပြီးဖြစ်ကြောင်း၊ အမြဲလက်ခံကြိုဆိုပါကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်တပ်က ရဲများကို ပစ်ခတ်မှု သင်တန်းပေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article