25 C
Yangon

နတ်တလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မိုင်းဆွဲ တိုက် ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

နတ်တလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မိုင်းဆွဲ တိုက် ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့​ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ် အရှေ့ဘက် ကြသောင်းကုတင်ဘုန်းကြီးကျောင်းမှ စမ်းကြီးရွာ ဘက်ကို အင် အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၉၉ လမ်းခွ ဂျပန်ကျွန်းခင်းအရောက်၌ သာယာဝတီခရိုင် တပ်ရင်း -၃၈၀၁၊ တပ်ခွဲ ၂ တပ်ဖွဲ့မှ ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိကာ အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ဒဏ်ရာရကာ စစ်သားများကို သယ်ဆောင်ကာ ကျောရှည်ဘက်ကို ဆုတ်ခွာသွားကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် နတ်တလင်းမြို့ အရှေ့ဘက် ပဲခူးရိုးမအတွင်းကိုအဆက်မပြတ် စစ်ကြောင်းထိုးနေပြီး ဆက် လက်၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အနီးတွင် နေထိုင်ခြင်း၊ စစ်ကောင်စီ တပ်သားများနှင့်အတူ ခရီးအတူ သွားလာခြင်း၊ အဆက်အသွယ်ပြုလုပ်ခြင်းများ မပြုလုပ်ဘဲ ရှောင်ရှားကြပါရန် သာယာဝတီခရိုင် PDF က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article