26 C
Yangon

ကွတ်ခိုင်မြို့၊ မြို့သစ်ရပ်ကွက်ရှိ စစ်တပ်နှင့်ပြည်သူ့ စစ် တပ်စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်မှု စစ်သုံ့ပန်း ၇ ဦးနှင့် လက်နက် ၆၀ လက် သိမ်းဆည်းရရှိ၊ နမ့်ခမ်း စခန်းသစ်ကုန်းဘက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုများ ဆက် တိုက်လုပ်နေ

Must read

ကွတ်ခိုင်မြို့၊ မြို့သစ်ရပ်ကွက်ရှိ စစ်တပ်နှင့်ပြည်သူ့ စစ် တပ်စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်မှု စစ်သုံ့ပန်း ၇ ဦးနှင့် လက်နက် ၆၀ လက် သိမ်းဆည်းရရှိ၊ နမ့်ခမ်း စခန်းသစ်ကုန်းဘက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုများ ဆက် တိုက်လုပ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ မြို့သစ်ရပ်ကွက်ရှိ စစ်တပ်နှင့်ပြည်သူ့ စစ် တပ်စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်ရာ စစ်သုံ့ပန်း ၇ ဦးနှင့် လက် နက် ၆၀ လက် သိမ်းဆည်းရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ ကွတ်ခိုင်မြို့ မြို့သစ်ရက်ကွက်ရှိ စစ်ကောင်စီနှင့် ပြည်သူ့ စစ်စခန်းကို PSLF/TNLA က ဝင်ရောက်ရှင်းလင်း သိမ်းပိုက် နိုင်ခဲ့ကြောင်း၊ အဆိုပါတပ်စခန်းမှ စစ်သုံ့ပန်း ၇ ဦး၊ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးအပါအဝင် ပစ္စတို၂ လက်၊ လက်နက် (၅၈ )လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နမ့်ခမ်းမြိုနယ် စစ်ကောင်စီ စခန်းသစ်ကုန်းဘက်တွင် ယမန်နေ့ ညနက်သန်းခေါင်ယံအချိန်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ၄ ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၃၄ မိနစ်အချိန် တွင်လည်း ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးဖြင့် ၂ ကြိမ်၊ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် တိုက်လေယာဉ်ဖြင့် ၂ ကြိမ်၊ မွန်းလွဲ ၁၂ နာရီ ၃၁ မိနစ်အချိန် Y12 လေယာဥ်ဖြင့် ဗုံး ၁၆ လုံး ထပ်မံလာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article