25 C
Yangon

ခမ်းပတ်မြို့ကို စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် PDF တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေပြီး မြို့ကို PDF တပ်များ ဆက်လက်ထိန်းချုပ်ထား၊ စစ်တပ်ကို နှစ်ဖက်ညှပ် ပိတ်ဆို့ထားနိုင်

Must read

ခမ်းပတ်မြို့ကို စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် PDF တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေပြီး မြို့ကို PDF တပ်များ ဆက်လက်ထိန်းချုပ်ထား၊ စစ်တပ်ကို နှစ်ဖက်ညှပ် ပိတ်ဆို့ထားနိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ် ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်နေကြောင်း တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၇ ရက်နေ့က ကလေး-တမူးလမ်းပေါ်ရှိ ခမ်းပတ်မြို့ကို အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင် ကွက်ကဲမှုဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ ပူးပေါင်းတပ်ဖွဲ့မှ အပြည့်အဝသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများက ပြန်လည်သိမ်းပိုက်နိုင်ရန် ကလေးမြို့မှ စစ်ကြောင်း ထိုး လာသဖြင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

“ခမ်းပတ်မြို့ကို ကျနော်တို့ PDF တွေပဲ ထိန်းချုပ်ထားတယ်။ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်နေတာပဲ ရှိပါသေးတယ်၊ စစ်ခွေးတွေက ကြားထဲမှာရောက်နေ တာ၊ ကျနော်တို့ PDF တပ်ဖွဲ့ဝင်တွေက နှစ်ဖက်လုံးမှာရှိတယ်၊ သူတို့ရဲ့ တပ် ကုန်း နေရာတဝိုက်မှာပဲ ပြန်ပြီး နေရာယူထားတာ အဲလိုမျိုးပဲရှိတယ်၊ သူတို့ထွက်လို့မရဘူး၊ ပိတ်ထား တယ်၊” ဟု တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ဓာတ်ပုံ- PDF တပ်များ သိမ်းပိုက်ခဲ့သော ခမ်းပတ်မြို့မှ စစ်ကောင်စီတပ်စခန်းတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article