38 C
Yangon

ပလက်၀မြို့နယ်၊ နှုံးဘူးဗျူဟာ စခန်းသိမ်းတိုက်ပွဲတွင် တေဇ ၂၉ မှ ဗိုလ်မှူးကြီး ဗညားပိုင်စိုး သေဆုံး၊ ဗျူဟာမှူးအဖြစ် ရာထူးတိုးပြီးနောက် မကြာခင်မှာပင် သေဆုံးခဲ့

Must read

ပလက်၀မြို့နယ်၊ နှုံးဘူးဗျူဟာ စခန်းသိမ်းတိုက်ပွဲတွင် တေဇ ၂၉ မှ ဗိုလ်မှူးကြီး ဗညားပိုင်စိုး သေဆုံး၊ ဗျူဟာမှူးအဖြစ် ရာထူးတိုးပြီးနောက် မကြာခင်မှာပင် သေဆုံးခဲ့

■ ပလက်၀ရှိ စစ်ကောင်စီ၏ ဆင်းလက်၀ ဗျူဟာစခန်းကုန်းကို ချင်း မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ရှိ AA က သိမ်းပိုက်တိုက်ခိုက်ခဲ့သော နှုံးဘူးဗျူ ဟာ စခန်းသိမ်းတိုက်ပွဲတွင် တေဇ ၂၉ မှ ဗိုလ်မှူးကြီး ဗညားပိုင်စိုး သေဆုံးသွားကြောင်း စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ရှိ နှုံးဘူးဗျူဟာကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ရာ ပလက်၀မြို့နယ်ရှိ စစ်ကောင်စီ၏ တရွန်အိုင် ဗျူဟာနှင့် နှုံးဘူးဗျူဟာ စခန်း ၂ ခုစလုံးကို AA က တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း AA က တရား ဝင်သတင်းထုတ်ပြန်ခဲ့သည်။

ရက္ခိုင့်တပ်‌တော် (AA) သည် ပလက်ဝမြိုနယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင် အမာစခန်းချထားသော ဗျူဟာကုန်း (၂) ခု ဖြစ်သည့် “တရွန်အိုင်ဗျူဟာ” နှင့် “နှုံးဘူးဗျူဟာ” စခန်းနှစ်ခုစလုံးတို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့၌ ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး “တရွန်အိုင်ဗျူဟာ” ကုန်းတစ်ခုလုံးအား ထိုးစစ် ၂၁ ရက်အကြာ၊ ဒီဇင်ဘာလ ၄ ရက်နေ့၌ အပြီးသတ် သိမ်းပိုက် ရယူနိုင်ခဲ့ကြောင်း၊ “နှုံးဘူးဗျူဟာ” ကိုမူ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ည ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ကြောင်း၊ နှုံးဘူးဗျူဟာကို နိုဝင်ဘာလ ၁၄ ရက်၊ နံနက် ၉ နာရီ ၂၅ မိနစ်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိုးစစ် ၂၇ ရက်မြောက်အကြာမှ ဗျူဟာကုန်းတစ်ခုလုံးကို သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရခိုင်တပ်တော်က တစ်ရက်မျှရပ်နားခဲ့ခြင်းမရှိသော ထိုးစစ်ကို စစ်ကောင်စီက လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း မိမိတို့က ၎င်းဗျူဟာကုန်းစခန်းကို မရရအောင် အပြင်းအထန်တိုက်ခိုက်ခြင်းဖြစုကြောင်း၊ “နှုံးဘူး” ဗျူဟာမှူး အလောင်းအပါအဝင် စစ်သားအလောင်းအချို့၊ လက်နက်ခဲယမ်းအမြောက်အမြားတိုအား သိမ်းဆည်းရမိခဲ့ကြောင်း၊ AA ဘက်မှလည်း ထိခိုက်ကျဆုံးမှုများရှိကြောင်း သိရှိရသည်။

“အလုပ်သင် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၉ ဆင်း ဗိုလ်မှူးကြီး ဗညားပိုင်စိုး နှုံးဘူးဗျူဟာကုန်းတိုက်ပွဲမှာ သေဆုံးတာ အတည်ပြုနိုင်ပါတယ်။ သူက ဗျူဟာမှူး အဖြစ် ရာထူးတိုးထားတာ သိပ်မကြာသေးပါဘူး။ ရာထူးတိုးပြီး အဲဒီကို တစ်ခါတည်း ရွှေ့ပေးချိန်မှာ တိုက်ပွဲနဲ့ကြုံပြီး ကျဆုံးတာ ဖြစ်ပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် ပလက်၀မြို့နယ်ရှိ စစ်ကောင်စီ၏ ဆင်းလက်၀ ဗျူဟာ စခန်းကုန်းကြီးကို ပလက်ဝမြို့နယ် ဆင်းလက်ဝ ဗျူဟာ စခန်းကုန်းကြီးကို ချင်းတိုင်းရင်းသားများ ၏ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း မရာလဲန်းကာကွယ်ရေးတပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီအချိန်မှစတင်၍ စစ်ကောင်စီ၏ ဆင်းလက်၀ ဗျူဟာစခန်းကုန်းကို ချင်းတပ်ဖွဲ့များဖြစ်သော မရာလဲန်းကာကွယ်ရေးတပ်များက စတင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် လာရောက် ဗုံးကျဲခဲ့ကြောင်း သိရှိရသည်။

“ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီမှ စပြီး တိုက်ခိုက်နေပါတယ်။ မနေ့က တစ်နေကုန် စစ်တပ်က တိုက်လေယာဉ်နဲ့ ၃ ကြိမ်လာပြီး ဗုံးကျဲပါတယ်။ စစ်ကောင်စီရဲ့ ဗျူဟာစခန်းကုန်းကြီးကို ဝိုင်းထားတာ ၆ ရက်မြှောက်မှာ စပြီးတော့ တိုက်ခိုက်တာပါ။ ဆင်းလက်၀ဗျူဟာကုန်းက ပလက်၀မြို့နားမှာရှိတာပါ” ဟု မရာလဲန်းကာကွယ်ရေးတပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ချင်း မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article