25 C
Yangon

ရေစကြိုမြို့နယ်၊ ရှင်မတောင်ပေါ်သို့ ရိက္ခာပို့ပြီး ပြန်ဆင်းလာသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု ၂ ဦး အပြင်း အထန်ဒဏ်ရာရ

Must read

ရေစကြိုမြို့နယ်၊ ရှင်မတောင်ပေါ်သို့ ရိက္ခာပို့ပြီး ပြန်ဆင်းလာသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု ၂ ဦး အပြင်း အထန်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်ပေါ်သို့ ရိက္ခာပို့ပြီး ပြန်ဆင်းလာသော အကြမ်းဖက် စစ်သား၊ ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးအပြင်းအ ထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၃ နာရီခန့်က ရှင်မတောင်ပေါ်သို့ လက်နက်ခဲယမ်း၊ ရိက္ခာပို့ပြီး ပြန်ဆင်းလာသော တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၈ တပ်ရင်းမှ စစ်သားများနှင့် ဆင်ချောင်း ရွာမှ ပျူစောထီးများပူးပေါင်းထားသည့် အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို လိုက်လံပစ်ခတ် တိုက်ခိုက်ခဲ့ရာ အ ပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ် သား ၂ ဦးလဲကျသွားသည်ကို မျက်မြင်တွေ့ရှိခဲ့ကြောင်း၊ သေ ဆုံးမှုရှိ၊ မရှိသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“အပြန်မှ တိုက်ခဲ့တာ၊ မနက်အစောပိုင်းကတည်းက ထိတွေ့မှုဖြစ်တာ၊ မနက် ၁၀ နာရီလောက်အထိ ပဲ၊ သူတို့ဆင်းတဲ့လမ်း ကြောင်းတလျှောက် ပတ်ချာလည်ချောင်းလိုက်ပြီး တိုက်ခဲ့တာ၊ ၂ ယောက် ကတော့လဲသွားတယ်၊ ကျန်တဲ့ ထိခိုက်မှု အ သေးစိတ်ကတော့ မသိရသေးဘူ၊သူတို့က ၃ ရက်နေ့ကတည်း က ရှင်မတောင် ဘက်ကို တက်လာတာ၊ အဲနားမှာက တောင် ကြောတွေပဲ၊ ရွာဆက်က သိပ်မရှိဘူး၊ တောင် ကြောတွေပေါ်မှာပဲ လိုက်တိုက်ခဲ့တာ၊းပါ” ဟု ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

ယင်းအကြမ်းဖက်စစ်ကြောင်းသည် မွန်းလွဲ ၂ နာရီခန့်တွင် တောင်အိုတာ စစ်ဆေးရေးဂိတ် ရောက်ရှိသွားပြီး ပြည်သူပိုင်ကားများကို ချောဆွဲကာ ခလရ ၂၅၈ တပ်အတွင်းသို့ ချက် ချင်း ဝင်ရောက်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် – ရေစကြိုပကဖ နှင့် ပခုက္ကူ ခရိုင်တပ်ရင်း ၉ တို့ပူးပေါင်းကာ တို်ကခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင်မြင်စွာခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article