25 C
Yangon

Breaking News- လောက်ကိုင်မှ ဗိုလ်မှူးချုပ် ၆ ဦးကို သစ္စာခံသည့် တပ် တချို့က စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည် ၊ စစ်ကောင်စီက ပုန်ကန် သည့် တပ်များကို လိုက်လံ ဗုံးကျဲနေ

Must read

Breaking News- လောက်ကိုင်မှ ဗိုလ်မှူးချုပ် ၆ ဦးကို သစ္စာခံသည့် တပ် တချို့က စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည် ၊ စစ်ကောင်စီက ပုန်ကန် သည့် တပ်များကို လိုက်လံ ဗုံးကျဲနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသမှ ဗိုလ်မှူးချုပ် ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီးနောက် အဆိုပါ ဗိုလ်မှူးချုပ် ၆ ဦးကို သစ္စာခံသည့် တပ်တချို့က စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်ရန် စုစည်းမှုများရှိနေကြောင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဗိုလ်မှူးချုပ် ၆ ဦးကို သစ္စာခံတဲ့ တပ်တွေက လက်နက်ပြန်ကိုင်ပြီ စုစည်းနေတာတွေရှိတယ်။ အဲဒါတွေက သိပ်မကြာခင် တော်လှန်ရေးတပ်တွေ လားရှိုးကို တိုက်ရင် သူတို့ပါ ဝင်တိုက်ဖို့ရှိနေတယ်။ အခု စစ်တပ်က အဲဒီတပ်တွေကို ဗုံးလိုက်ကျဲနေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လတ်တလော စစ်ကောင်စီက ပုန်ကန်မည့် တပ်များ ရှိနေသည်ဟု ထင်မှတ်သော နေရာများကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်နေကြောင်း၊ ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ လားရှိုးမြို့နယ်၊ မိုင်းယော် တိုက်နယ်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး များ ကျဲချနေကြောင်း သိရှိရသည်။

“အဲဒီပုန်ကန်မယ့်တပ်တွေ ရှိတယ်လို့ ထင်တဲ့နေရာတွေကို စစ်ကောင်စီက ဗုံးပြန်ကျဲနေတယ်။ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ကို စစ်တပ်က ဒီနေ့ လေယာဉ်နဲ့ ၃၇ လုံးကျဲနေတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် လောက်ကိုင်မြို့နယ်မှ လက်နက်ချ အညံ့ခံ လိုက် သော ဗိုလ်မှူးချုပ် ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီးနောက် လောက် ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ စစ်ဦးစီးမှူး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး သက်ထိုက်လင်းနှင့် တပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်သွားကြောင်း စစ်တပ် သတင်း ရင်းမြစ်တချို့က ပြောဆိုသည်။

လောက်ကိုင်တွင် လက်နက်ချ အညံ့ခံပြီးနောက် ဒုတိယ ဗိုလ်မှူးကြီး သက်ထိုက် လင်းနှင့်တပ်ဖွဲ့ဝင်များသည် လောက်ကိုင်ဒေသမှ တန့်ယန်းသို့ ရွှေ့ပြောင်းခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီက ဗိုလ်မှူးချုပ် ၆ ဦးကို လားရှိုးသို့ ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားပြီး ဖမ်းဆီးချုပ်နှောင် အရေးယူ မည်ဆိုသော သတင်းကြားရသောအခါ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ စစ်ဦးစီးမှူး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး သက်ထိုက်လင်းနှင့် တပ်ဖွဲ့ ဝင်များသည် တန့်ယန်းမြို့မှ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း သိရှိရသည်။

“ဗိုလ်မှူးချုပ် ၆ ယောက် အချုပ်ထဲ ထည့်သံကြားတော့ လောက်ကိုင် G1 ဒုတိယ ဗိုလ်မှူး‌ကြီး သက်ထိုက်လင်းက နောက်ပါ

ရဲဘော်တွေ ခေါ်ပြီး တန့်ယန်း ကနေ ထွက်ပြေးတယ်။ အခုလည်း လောက်ကိုင်ကနေ ဆုတ်လာတဲ့ တပ်ရင်းမှူးနဲ့အထက် အရာရှိတွေမှန်သမျှ လားရှိုးရောက်တာနဲ့ အချုပ်ထဲ ထည့်ခိုင်းတယ်။ အရာရှိ၊ စစ်သည်တွေက သူတို့ရဲ့ တပ်မှူး ဗိုလ်မှူးချုပ် တွေကို အချုပ်ထဲ ထည့်လို့ မကျေနပ်ကြဘူး။ တချို့လည်း ဗိုလ်မှူးချုပ်တွေပြီးရင် သူတို့အလှည့်ပဲ ဆိုတာ သိကြလို့ ထောင်တော့ အကျမခံနိုင်ဘူးကွ။ အပေါ် လူကြီးတွေက သူတို့အာဏာ တည်မြဲဖို့ သူတို့မိသားစုတွေ ကောင်းစားရေးပဲ လုပ်နေကြတာဆိုပြီး ထွက်ပြေးတာလည်း မနည်းဘူး” ဟု တပ်တွင်း သတင်း ရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လက်နက်ချ အညံ့ခံခဲ့သော လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး၊ စကခ ၁၂ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ စကခ ၁၄ စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦးတို့ကို တာဝန် မကျေပွန်မှု၊ အထက်အမိန့် မနာခံမှု၊ ပုန်ကန်မှုများဖြင့် အရေးယူရန် ဖမ်းဆီးထားကြောင်း သိရှိရသည်။

ဓာတ်ပုံ-လောက်ကိုင်မှ ဆုတ်ခွာခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့တချို့။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #BreakingNews #လောက်ကိုင် #စစ်ကောင်စီ #G1

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article