25 C
Yangon

ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံရွာရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ

Must read

ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံရွာရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံရွာရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution Forces အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက Drone ဖြင့် 1 KG ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားများ နေထိုင်ရာ အဆောက်အဦးနှင့် ဘန်ကာရှေ့၌ ကျရောက် ပေါက်ကွဲခဲ့ပြီး အဆောက်အဦး အမိုးများ ပျက်ဆီးကာ စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိပြီး ပခုက္ကူဆေးရုံကို ကားဖြင့် ‌လာရောက် သယ်ဆောင်သွားကြောင်း သိရှိရသည်။

” စစ်ခွေး ၂ ကောင်တော့ ပြင်းထန်ဒဏ်ရာရတယ်။ ထိခိုက်သေဆုံးမှု ရှိမရှိတော့ အတည်မပြုနိုင်သေးဘူး” ဟု မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution Forces အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁တပ်ရင်း 27 Revolution Forces ၊ Urabn Underground Revolution Force ၊ ယင်းမာပင်ခရိုင်တပ်ရင်း 3/4/5/6 အထူးချေမှုန်းရေးတပ်ဖွဲ့၊ ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင် Local တပ်‌ပေါင်းစု အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ပခုက္ကူ #စစ်ကောင်စီ #27RevolutionForces #UrabnUndergroundRevolutionForce #Drone

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article