37 C
Yangon

မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က သဖန်းဒေါင့်ရွာကို မီးရှို့ဖျက်ဆီး

Must read

မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က သဖန်းဒေါင့်ရွာကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က သဖန်းဒေါင့်ရွာကို မီးရှို့ဖျက်ဆီးနေကြောင်း မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် သုံးဆယ်ပေးရွာမှ အင်အား ၇၀ ဝန်းကျင်ဖြင့် သဖန်းဒေါင့်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က စတင်ကာ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“အခုချိန်ထိတော့ ရွာထဲကို မဝင်နိုင်သေးဘူး။ ဒီနေ့ ၁၂ နာရီ လောက်က သုံးဆယ်ပေးရွာကနေ အင်အား ၇၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေက သဖန်းဒေါင့်ကျေးရွာကို မွန်းလွဲ ၂ နာရီ ၄၅ မိနစ်လောက်တည်းက စပြီး နေအိမ်တွေကို မီးစရှို့နေတာ” ဟု မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article