29 C
Yangon

မြဝတီမြို့နယ်၊ လက်ခက်တောင်ဒေသ ဘုရားကုန်းတောင်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မြဝတီမြို့နယ်၊ လက်ခက်တောင်ဒေသ ဘုရားကုန်းတောင်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခက်တောင်ဒေသ ဘုရားကုန်းတောင်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မြဝတီမြို့ လက်ခက်တောင်ဒေသ ဘုရားကုန်း တောင်ပေါ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယဉ် ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ ညနေ ၄ နာရီ ၄၅ မိနစ်မှာ မြဝတီမြို့ လက်ခက်တောင်ဒေသ ဘုရားကုန်း တောင်ပေါ်သို့ စစ်ခွေးတွေက တိုက်လေယဉ် ၁ စီးနဲ့ ပေါင် ၅၀၀ ဗုံးကျဲချသွားတယ်။ တိုက်ပွဲ ဖြစ်ပွားတာမရှိဘူး။ ဗုံးက ဖျက်အား ပြင်းတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article