33 C
Yangon

မိုးမိတ်၊ ကွတ်ခိုင်နှင့် ကျောက်မဲ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး အပစ်ရပ်စဲရေး သဘောတူညီမှုကို ဆက်လက် ချိုးဖောက်နေ

Must read

မိုးမိတ်၊ ကွတ်ခိုင်နှင့် ကျောက်မဲ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး အပစ်ရပ်စဲရေး သဘောတူညီမှုကို ဆက်လက် ချိုးဖောက်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် ကျောက်မဲ မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး အပစ်ရပ်စဲရေး သဘောတူညီမှုကို ဆက်လက် ချိုးဖောက်နေကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက် အရသိရသည်။

ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် မိုးမိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်က မန်ဖွယ်ကျေးရွာကို လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာအနီးကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၁ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်ကလည်း ကျောက်မဲမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်က သံဘိုရွာ အနီးတဝိုက်ကို လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်ကလည်း ကွတ်ခိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ နမ့်ဖတ်ကာတပ်က နမ့်အွန်ရွာကို လက်နက်ကြီးဖြင့် ၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article