37 C
Yangon

ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ယင်းမာပင် ခရိုင်တပ်ရင်း၂၈ ဓားမဆိုင်းတပ်မတော် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ် မီဒီယာ သို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၇ နာရီခန့်က စတင်ကာ ဆားလင်းကြီးမြို့မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွ် ထွက်ပြေးတိမ်းရှောင်နေရသော ကျေးရွာများမှာ တောကျောင်းရွာ၊ ဆားထုံးရွာ၊ လက်ပံကျွန်းရွာ၊ ထန်းပုရွာ၊ ထန်းဇင်ရွာ၊ ဖောင်းကတာရွာ၊ ကျေးပင်ထူးရွာ၊ ဘက်ားရွား စသည့် ကျေးရွာပေါင်း ၁၀ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“အခုလက်ရှိတော့ ကျေးရွာ ၁၀ ရွာကျော်က ပြည်သူတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေရပါတယ်။ အဲစစ်ခွေး စစ်ကြောင်းက ဆားလင်းကြီးမြို့ကနေ ဒီနေ့ နံနက် ၇ နာရီ ဝန်းကျင်လောက်က ဆားလင်းကြီးမြို့နယ် မြောက်ဘက်မှာရှိတဲ့ ရွာတွေကို စစ်ကြောင်းထိုးလာတာ” ယင်းမာပင် ခရိုင်တပ်ရင်း၂၈ ဓားမဆိုင်းတပ်မတော် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ပံကျွန်းကျေးရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းလျက်ရှိကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ဓားမဆိုင်းတပ်မတော်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ #ဆားလင်းကြီးမြို့နယ် #စစ်တပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article