38 C
Yangon

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၈ ဦး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲသို့ လက်နက်များနှင့်အတူ ထွက်ပြေး ရောက်ရှိ၊ အိန္ဒိယသို့ ထွက်ပြေးသည့် စစ်သားအရေအတွက် ၆၉၄ ဦး ရှိလာပြီ

Must read

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၈ ဦး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲသို့ လက်နက်များနှင့်အတူ ထွက်ပြေး ရောက်ရှိ၊ အိန္ဒိယသို့ ထွက်ပြေးသည့် စစ်သားအရေအတွက် ၆၉၄ ဦး ရှိလာပြီ

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရက္ခိုင့်တပ်တော် AA ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်၊ ပလက်ဝဒေသမှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်အခြမ်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သား ၂၇၈ ဦး လက်နက်များနှင့်အတူ ထွက်ပြေးရောက်ရှိလာကြောင်း အိန္ဒိယသတင်းဌာနများက သတင်းဖော်ပြကြသည်။

ယမန်နေ့ ဇန်နဝါရီ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မြန်မာနိုင်ငံ ပလက်ဝဒေသဘက်မှ အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ထဲသို့ မြန်မာစစ်ကောင်စီတပ်မှ စစ်သား ၂၇၈ ဦးသည် လက်နက်များနှင့်အတူ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၇၈ ဦးသည် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ အာသံရိုင်ဖိုင်တပ်ဖွဲ့ထံတွင် လက်နက်ချပြီး ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း၊ AA က ပလက်ဝ ဒေသတစ်ခုလုံးကို ထိုးစစ်ဆင်းတိုက်ခဲ့ပြီးနောက် နှမဒါဗျူဟာ၊ ခန်ခတောင် ဗျူဟာနှင့် တရွန်အိုင်၊ နှုံဘူး ဗျူဟာကုန်းမှ စစ်သားများ ထွက်ပြေးကြရမှာ မီဇိုရမ်ပြည်နယ်ထဲသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ရခိုင်တပ်တော်က ပလက်ဝဒေသရှိ စစ်ကောင်စီ တပ်စခန်းများ၊ ဗျူဟာကုန်းများ၊ ဌာနချုပ်များ တစ်ခုမကျန် သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၁၄ ရက်နေ့ ညပိုင်းတွင် ကြေညာခဲ့သည်။

ပလက်ဝမြို့အပါအဝင် ပလက်ဝဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA မှ အလုံးစုံ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်သော်လည်း ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများရှိနေသေး၍ ပြည်သူလူထုများ အနေဖြင့် အသွားအလာ အထူးသတိထားကြရန် AA အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့က ပလက်ဝမြို့တိုက်ပွဲနှင့် အိန္ဒိယ-မြန်မာနယ်စပ်ရှိ ပွိုင့် ၃၇၇ ခြေကုပ်စခန်းတို့ကို AA က တိုက် ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်သား ၈၃ ဦးသည် အိန္ဒိယ ဘက်ခြမ်းသို့ ထွက်ပြေးခဲ့ကြကြောင်း၊ ပလက်ဝအတွင်း AA အပါ အဝင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၃ နိုဝင်ဘာတွင် ၃ ကြိမ်၊ ဒီဇင်ဘာတွင် ၁ ကြိမ်နှင့် ၂၀၂၄ ဇန်နဝါရီတို့တွင် ၂ ကြိမ် စုစုပေါင်း ၆ ကြိမ်အထိ ရှိလာခဲ့ပြီ စစ်ကောင်စီတပ်သား ထွက်ပြေးသည့် အရေအတွက် ၄၁၆ ဦး ရှိလာပြီဖြစ် ကြောင်း၊ ယခုထွက်ပြေးလာသည့် စစ်သားအရေအတွက် ၂၇၈ ဦးပါ ထည့်ပေါင်းလျှင် ထွက်ပြေးသည့် စစ်သားအရေအတွက် ၆၉၄ ဦး ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယစစ်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး Manoj Pande က အိန္ဒိယဘက်သို့ ၂ လအတွင်း မြန်မာစစ်သား ၄၁၆ ဦး ထွက်ပြေး လာကြောင်း ဇန်နဝါရီ ၁၁ ရက်နေ့ ရိုက်တာသတင်းဌာနသို့ ပြောဆိုခဲ့သည်။

အိန္ဒိယဘက်သို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများကို အိန္ဒိယစစ်တပ် က မြန်မာနိုင်ငံဘက်အခြမ်းသို့ အိန္ဒိယအစိုးရက မကြာခဏဆိုသလို လွှဲပြောင်း ပြန်လည်ပို့ဆောင်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article