ရန်ကုန်၊ ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မူးခွရွာရှိ ပျူစောထီးခေါင်းဆောင် ဝါသဝ၏ ညီဝမ်းကွဲနေအိမ်နှင့် စစ်တပ်ကင်းစခန်းတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ရာ စစ်သားနှင့် ပျူစောထီး ၃ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း တန့်ဆည်PDF ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော ဆိုသည်။
စစ်သားနှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားသည့် တန့်ဆည်မြို့နယ်၊ မူးခွ ရွာ ကို ဇန်နဝါရီလ ၁၇ရက် နေ့လယ် ၂နာရီခန့်တွင် Taze People’s Defense Force တန့်ဆည်PDF ရဲဘော်များက လက်နက်ကြီး ၅လုံး ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ဝါသဝနှင့် ညီဝမ်းကွဲတော်စပ်သူ မူးခွရွာ ပျူစောထီးခေါင်းဆောင် အောင်ကိုမင်း၏ နေအိမ်သို့ တစ်လုံးနှင့် စစ်တပ်ကင်းစခန်းနေရာသို့ ၂လုံး ကျရောက်ထိမှန်ခဲ့ကြောင်း သိရသည်။
“မူးမြစ်ကမ်းဘေးနားက ဝါသဝရဲ့ ညီ မူးခွရွာ ပျူခေါင်းဆောင် အောင်ကိုမင်းရဲ့ အိမ်ကို လက်နက်ကြီးတစ်လုံးကျတယ်၊ ရွာအဝင် စစ်ခွေးကင်းကို ၂လုံးကျ တယ်လို့ သိရတယ်။ ထိခိုက်သေဆုံးမှုတွေရှိပါတယ်။ အတိအကျကိုတော့ အတည်ပြုနေဆဲပါ ” ဟု တန့်ဆည်PDF ရှေ့တန်းရဲဘော်က ပြောသည်။
အလားတူ ရွှေဘိုမြို့ရှိ အမှတ်(၈) လေ့ကျင့်ရေးတပ်နှင့် ကျောက်မြောင်းမြို့ အခြေစိုက် ခမရ(၁၂)တို့ကို ဇန်နဝါရီလ ၁၅ရက် နေ့လယ် ၁နာရီ၄၀မိနစ်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုကို Taze People’s Defense Force တန့်ဆည်PDF၊ Black Wolf Army၊ Who am I Army နှင့် Forest Fighter Army တို့ ပူးပေါင်း ဆောင် ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ForestFighterArmy #တန့်ဆည်PDF #BlackWolfArmy #WhoamIArmy #TazePeople’sDefenseForceတန့်ဆည်PDF