37 C
Yangon

မန္တလေးမြို့၊ မန်းမြို့စျေးတောင်ပေါက်ရှိ ဆယ်သန်းရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေပိဿာနှင့်ချီ ပါသွားဟုဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မန္တလေးမြို့၊ မန်းမြို့စျေးအတွင်းရှိ ဆယ်သန်းရွှေဆိုင်တွင် ယနေ့ နံနက်ပိုင်း ဓားပြတိုက်ခံရသဖြင့် ရွှေ၂ ပိဿာဝန်းကျင် လက်ဝတ်ရတနာများ ပါသွား ကြောင်း မန္တလေးမြို့ခံတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

ယနေ့ နံနက်အစောပိုင်း မန်းမြို့စျေးတောင်ပေါက် ၃၉ လမ်း၊ ၈၄ x ၈၅ လမ်း ကြား တွင် ဖွင့်လှစ်ထားသော ဆယ်သန်းရွှေဆိုင်သို့ ဆိုင်ကယ်ဖြင့် မျက်နှာ ဖုံးစွပ်လူတချို့က ဝင်ရောက် ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဓားပြတိုက်ချိန်တုန်းက မသိလိုက်ဘူး။ တိုက်ပြီးသွားမှ ဓားပြတိုက်သွားပြီ ဆိုပြီး ကြားရတာ။ ဖြစ်စဉ်အသေးစိတ်တော့ မသိရသေးဘူး။ ရွှေ ၂ ပိဿာ လောက်တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေ ပါသွားတယ်ပြောတယ်။ ဆယ်သန်း ရွှေဆိုင် ဆိုင်အမှတ် ၂ လို့ ပြောတယ်။ ဆိုင်အမှတ် ၁ က စျေးအတွင်းမှာ ဖွင့် ထား တာ။ ဆိုင်ကယ်နဲ့လာတိုက်သွားတာလို့ ပြောတယ်။ ခုနလေးတင်ကမှ ဖြစ်တာ” ဟု မန္တလေးမြို့ခံတစ်ဦးကရှင်းပြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ရဲသတင်းရင်းမြစ်တချို့ထံ ဆက်သွယ် မေး မြန်း ရာ ရွှေဆိုင်ဓားပြတိုက်သည်ဟုသာ သိရှိရပြီး အသေးစိတ် အခြေ အနေ များ မသိရှိရသေးဟု ပြောဆိုသည်။

ဓာတ်ပုံ- ဓားပြတိုက်ခံရသည့် မန္တလေးမြို့၊ ဆယ်သန်းရွှေဆိုင်ကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေမှုကို မြင်တွေ့ရစဉ်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article