36 C
Yangon

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေးနှင့် လူထုဆက်သွယ် ရေးလိုင်းများအားလုံးကို စစ်ကောင်စီက ဖြတ်တောက်ပိတ်ပင်မှု ၃ ရက်ရှိလာပြီ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြို့နယ်များအားလုံးတွင် စစ်ကောင်စီက လမ်းပန်း ဆက်သွယ်ရေးနှင့် လူထုဆက်သွယ်ရေးလိုင်းများအားလုံးကိုဖြတ်တောက် ပိတ်ပင်မှု ၃ ရက်ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

ဇန်နဝါရီ ၁၆ ရက်နေ့က နံနက်ပိုင်းမှ စ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ် တပ် ပိုင် မိုင်တဲ လ် Mytel ဖုန်းလိုင်းကလွဲ၍ ကျန် ဆက်သွယ်အော်ပရေတာ အားလုံး မှာ ဖြတ်တောက်ခံရပြီး အင်တာနက်လိုင်းမှာလည်း ဖြတ်တောက်ခံရ မှုမှာ ၃ ရက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

အချို့ ရခိုင်မြို့နယ်များတွင် မည်သည့် အော်ပရေတာဖုန်းလိုင်းနှင့် အင်တာနက် လိုင်း မရရှိတော့ဘဲ ပြတ်တောက်နေသည်မှာ နှစ်ပတ်လောက် ရှိလာပြီး ကုန်း လမ်း၊ ရေလမ်းများအပါအဝင် လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းများ အားလုံး ကိုလည်း လက်ရှိအချိန် အထိ စစ်တပ်က ပိတ်ထားကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက် နေ့ က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ရခိုင်ပြည်အတွင်း ရေလမ်း၊ ကုန်း လမ်းများ သွားလာခွင့် ပိတ်ပင်ထားခဲ့ခြင်း ဖြစ်ပြီး ရခိုင်နှင့် ပြည်မ ဘက်ကို လည်း အဆက်အသွယ် အားလုံးပိတ်ပင်ထားခဲ့ကြောင်း၊ ယခု ဇန်နဝါ ရီလ တွင်မူ ဖုန်းလိုင်း၊ အင်တက်နက်လိုင်းများကို စစ်ကောင်စီက ဖြတ် တောက် လာခြင်း ဖြစ် ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့မှ ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းအထိ ရခိုင် ဒေသမှ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ် တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့် မြို့နယ်များကို ဖုန်း ဆက် သွယ်ခဲ့သော်လည်း ဆက်သွယ်မှုများမရရှိခဲ့ပေ။

သို့သော်လည်း ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊ ဂွ၊ သံတွဲမြို့နယ်များကို ထက်မံ ဆက်သွယ်ရာတွင် အော်ပရေတာ ဖုန်းလိုင်း တချို့ ရရှိခဲ့သော်လည်း ဒေသ ပြည်သူ များကို မေးမြန်းရာတွင် အင်တာနက်လိုင်းများမှာ ပြတ်တောက် နေ ကြောင်း ပြန်လည်ဖြေဆိုသည်။

အမ်းဒေသခံတစ်ဦးက “MPT အင်တာနက်လိုင်းရတယ်။ MPT ဖုန်းခေါ်ဆို တာကတော့ ကျနော်တို့ဘက်မှာ မပြတ်ဘူး။ Mytel ကျပြန်တော့ အင်တာနက် လိုင်းမရဘဲ ဖုန်းလိုင်းရပြန်တယ်။ အဲ့ဒီဖုန်းတွေနဲ့ မြောက်ပိုင်းမြို့နယ်တွေကို ဆက်ပြန်တော့လည်း တစ်လုံးမှ ဖုန်းခေါ်ဆိုလို့မရပြန်ဘူး။ တစ်နေ့ကတည်းက အဲ့လိုဖြစ်နေတာ”ဟုပြောသည်။

ယခုရက်ပိုင်းတွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ အမ်း၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် ပလက်ဝ တို့မှာ တိုက်ပွဲ အပြင်းအထန် ဖြစ်နေကြပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုအပါအဝင် စစ်သင်္ဘော နှင့် တပ်စခန်းများမှလည်း လုပ်ဆောင်လာနေသည်။

ဓာတ်ပုံ- ရခိုင်တွင် ကားများကို စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #MPT #Mytel #ရခိုင်ပြည်နယ်မြောက်ပိုင်း #AA #စစ်ကောင်စီ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article