32 C
Yangon

တရုတ်-မြန်မာနယ်စပ်၊ မံစီမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က ထပ်မံသိမ်းပိုက်ပြန်၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်၊ မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က ထပ်မံသိမ်းပိုက်လိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မန်ဝိန်းကြီး စစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း ထပ်မံသိမ်းပိုက်ခဲ့ကြောင်း ၊ အဆိုပါစခန်းတွင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိပြီး ဘန်ကာများဖြင့် အခိုင်အမာတပ်စွဲထားသော စခန်းဖြစ်ကြောင်း သိရှိရသည်။

“တရုတ်နယ်စပ် နန်တော နဲ့ မန်ဝိန်းကြီးအကြားက စစ်ခွေးတပ်စခန်းကိုလည်း KIA ကသိမ်း ပိုက် ပါတယ်။ အဲဒီစခန်းမှာ လှိုဏ်ခေါင်းတွေလည်းရှိတယ်။ လက်နက်ခဲယမ်းလည်း အများကြီး သိုလှောင်ထားတာ အကုန်သိမ်းဆည်းရရှိတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KIA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article