35 C
Yangon

ကန့်ဘလူမြို့နယ်တွင် ကင်းပတ်နေသော စစ်​ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကင်းပတ်နေသော အကြမ်းဖက် စစ်​ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်အဖွဲ့ – ပကဖ ထံမှ သိရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၁၁ နာရီ ၁၄ မိနစ်ခန့်တွင် ဇီးကုန်းမြို့မှ လက်ဆည်ကျေးရွာဘက်ကို ကင်းပတ်ရန် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကန့်ဘလူခရိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ခရိုင် ပကဖလှုပ်ရှားတပ်ဖွဲ့)က မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးခန့်ရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ ကာဘိုင် ၂ လက်၊ ကာဘိုင် ကျည်ဘောက် ၂ ခု၊ ကာဘိုင်ကျည် ၂၉ တောင့်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article