ရန်ကုန်၊ ဇန်နဝါရီ ၂၂
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ၊ မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များ နှင့် လက်ရှိဖြစ်ပေါ် တိုးတက်လျက်ရှိသော တော်လှန်ရေးဖြစ်စဉ်များ၊ မြန်မာပြည်သူများ ကြုံတွေ့ခံစားနေရသော အခက်အခဲများအား ရှင်းလင်းပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိသတ်များ၊ ဂျပန်လူမျိုးများမှ မေးမြန်းသည့် မေးခွန်းအချို့အားလည်း ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် မြန်မာ့နွေဦးတော်လှန်ရေးတွင် စိတ်အားထက်သန်စွာဖြင့်ပါဝင်ကူညီပေးနေကြသော၊ တက်ရောက်လာကြသူများနှင့် စေတနာ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #NUG