25 C
Yangon

ဖားကန့်ရှိ စစ်ကောင်စီ၏ ဝှေခါစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၅၉ လောင်း ရရှိပြီး ၅ ဦး အရှင်ဖမ်းမိ

Must read

ဖားကန့်ရှိ စစ်ကောင်စီ၏ ဝှေခါစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၅၉ လောင်း ရရှိပြီး ၅ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စစ်ကောင်စီ၏ ဝှေခါစခန်းကို KIA က တိုက်ခိုက် သိမ်း ပိုက်ခဲ့ရာတွင် အလောင်း ၅၉ လောင်းရရှိပြီး အရှင်ဖမ်းဆီးရရှိသူ ၅ ဦးရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၆ ရက်နေ့မှစတင်၍ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါ ကျေး ရွာရှိ စစ်ကောင်စီ တပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ် များက စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်နေ့ နံနက်အစောပိုင်းတွင် ဝှေခါကျေးရွာရှိ စစ်တပ်စခန်းကို အပြီး သတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အဆိုပါ စခန်း တွင် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိပြီး အများအပြားထွက်ပြေးကြကြောင်း ၊ KIA တပ်များက စခန်းသိမ်းတိုက်ပွဲနှင့် ထွက်ပြေးသွားသော စစ်ကောင်စီတပ်များကို လိုက်လံ တိုက် ခိုက်ရာ စစ်သား အလောင်း ၅၉ လောင်းရရှိပြီး ၅ ဦးအရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

“ဝှေ့ခါစခန်းမှာ စစ်သားအလောင်း ၄၁ လောင်းရတယ်။ နောက်တော့ ထွက်ပြေးသွားတဲ့ စစ်သား တွေကို လိုက်ရှင်းတာမှာ ဂျန်ဒါ ရွာနားမှာ တိုက်ပွဲဖြစ်ပြီး အလောင်း ၁၂ လောင်းထပ်ရတယ်။ နောက်အဲဒီဘက် ထွက်ပြေးလမ်းမှာ ၆ လောင်းထပ်ရတယ်။ စုစုပေါင်း ၅၉ လောင်းရတယ်။ ဖမ်းဆီးရမိတာတွေလည်းရှိတယ်။ ၅ ဦးအရှင်ဖမ်းမိတယ်။ အရှင်ဖမ်းဆီးရရှိသူ ၅ ဦးထဲက ၁ ဦးက ဒဏ် ရာနဲ့ သေဆုံးသွားပါတယ်” ဟု KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖားကန့်တွင် စစ်ကောင်စီ၏ အခိုင်အမာစခန်းများအဖြစ် ဝှေခါ၊ ဖားကန့် ဗျူ ဟာ၊ လမောင်ကုန်း စခန်း၊ ယမ်းချက်စက်ရုံ နန့်ယား စစ်တပ်ကုန်း၊ ကာမိုင်း ဗျူဟာ တို့ရှိနေပြီး ဝှေခါ စခန်းကို KIA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အရှင်ဖမ်းဆီးရရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article