29 C
Yangon

အင်းစိန်မြို့နယ်တွင် စစ်ကောင်စီခန့် တောင်သူကုန်းရပ်ကွက် ရာအိမ်မှူး တွတ်ပီ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် စစ်ကောင်စီခန့် တောင်သူကုန်းရပ်ကွက် ရာအိမ်မှူး တွတ်ပီ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၆ နာရီအချိန် အင်းစိန်မြိုနယ်၊ တောင်သူကုန်း ရပ်ကွက်၊ အုတ်ရေတွင်းလမ်းတွင် လမ်းလျှောက်နေသည့် ရာအိမ်မှူး တွတ်ပီကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း၊ အသက် ၅၈ နှစ်အရွယ် ရာအိမ်မှူး တွတ်ပီ သည် သွေးအိုင်ထဲတွင် လဲနေသဖြင့် ဆေးရုံသို့ ပို့ဆောင်ရာတွင် သေဆုံး သွား ကြောင်း သိရှိရသည်။

“ညက မီးတွေလည်းပြတ်နေတယ်။ သူက လမ်းလျှောက်နေတဲ့အချိန် သေနတ်နဲ့ ပစ်သွားတာ။ ပစ်သွားတဲ့အချိန်တုန်းက သွေးအိုင်ထဲမှာ လဲနေတာပဲ။ အဲဒါ ဆေးရုံရောက်တော့ ဆုံးတယ်ကြားတယ်။ သူက ခပ်အေးအေးပေမယ့် ရပ်ကွက်ရုံးမှာ စစ်သားနဲ့ အဝင်အထွက် အပြောအဆို ဆက်ဆံတယ်။ ဧည့်စာ ရင်း စစ်တာတို့ဘာတို့ဆိုရင် စစ်တပ်နဲ့ တွဲလိုက်တယ်။ သူ့ရပ်ကွက်မှာ လူစိမ်း ဝင်တာ၊ မသင်္ကာတာဆိုရင် စစ်တပ်ကို လှမ်းပြောတာမျိုးတွေတော့ လုပ်တယ် လို့သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းလင်း ပြောဆိုသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article