37 C
Yangon

ကလေးမြို့တွင် စစ်တပ်က ပြည်သူ ၆ ဦးကို ဖမ်းဆီးပြီး ၁ ဦးကို သတ်ဖြတ်

Must read

ကလေးမြို့တွင် စစ်တပ်က ပြည်သူ ၆ ဦးကို ဖမ်းဆီးပြီး ၁ ဦးကို သတ်ဖြတ်

ရန်ကုန်၊ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ဘက် သင်္ဘောပင်ကွင်းရွာ အနီးမှာ ဇန် နဝါရီ ၂၄ ရက်နေ့က စစ်တပ်နှင့် တော်လှန်ရေး တပ်တွေ တိုက်ပွဲဖြစ်ပြီး စစ် တပ်က ပြည်သူ ၆ ဦးကို ဓားစာခံ လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ ၁ ဦး ကို သတ်ဖြတ် ထားခဲ့တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီမှာ ကလေးမြို့ပေါ် စစ်ကောင်စီတပ်က သင်္ဘောပင်ကွင်းရွာကို စစ်ကြောင်းထိုးရာမှာ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင် တွေနဲ့ ၁၅ မိနစ်ဝန်းကျင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ရွာခံပြည်သူ ၆ ဦးကို ဓားစာခံ လူသား ဒိုင်းကာအဖြစ် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဓားစာခံ ၆ ဦးထဲက အသက် ၂၇ နှစ်အရွယ် ကိုလားလ်ဗျက်မွန်နာ ကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

” သူတို့က မြို့အနောက်ပိုင်းဘက် စစ်ဆေးတာတွေလုပ်နေတာ လချီပြီ။ မြို့ အထွက် ဟိုဘက်ကိုဆို သိပ်မထွက်ရဲဘူး။ ခုလည်း အထက်အမိန့်အရ ထွက် ရတဲ့ပုံစံပဲ။ တော်လှန်ရေးတပ်ဖွဲ့တွေကို မနိုင်တော့ ပြည်သူကိုလုပ်တယ်။ သတ် တယ်ပေါ့။ မြို့ထဲစစ်ဆေးတဲ့နေရာမှာလည်း ငွေညစ်ရိုက်နှက်တာတွေရှိတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ကလေးမြို့နယ်ဟာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ အားကောင်းတဲ့ ဒေသ ဖြစ်ပြီး မြို့နယ်တောင်ပိုင်းနှင့်အနောက်မြောက်ပိုင်းတွေကို ကာကွယ်ရေး တပ်ဖွဲ့ တွေက စိုးမိုးထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကလေးမြို့ပေါ်စစ်ကောင်စီတပ်ဟာ မြို့ထဲနဲ့မြို့အနောက်ပိုင်းဝန်း ကျင်တွေ ကိုသာ မကြာမကြာ စစ်ဆေးတာတွေလုပ်လေ့ရှိတယ်လို့ဆိုပါတယ်။

စစ်တပ်ဟာ ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း ပြည်တော်သာကျေးရွာက အသက် ၁၉ နှစ်အရွယ်လူငယ်တစ်ဦးကို လမ်းမှာ ဖမ်းဆီးသတ်ဖြတ်ကာ အလောင်း ဖျောက်ခဲ့ ပါတယ်။ မိသားစုဝင်တွေက သတ်ဖြတ်အလောင်းဖျောက်ခံရတာကို ဇန်နဝါရီ ၂၂ ရက်နေ့မှ သိကြရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article