26 C
Yangon

NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသော PNLO က ညီနောင် မဟာမိတ်များနှင့်အတူ စစ်ကောင်စီ ကို တိုက်ခိုက်တော့မည်ဟု တရားဝင်ကြေညာ

Must read

NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသော PNLO က ညီနောင် မဟာမိတ်များနှင့်အတူ စစ်ကောင်စီ ကို တိုက်ခိုက်တော့မည်ဟု တရားဝင်ကြေညာ

■ စစ်တပ်လက်အောက်ခံ ပအိုဝ်းအမည်ခံ လက်နက်ကိုင်အဖွဲ့အနေဖြင့် ဘက်ကူးပြောင်းရန် တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၂၇

မြန်မာပြည်သူများ လိုလားတောင်းတလျက်ရှိသော စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေး နှင့် ဖက်ဒ ရယ် ဒီမိုကရေစီ စနစ် အကောင် အထည်ဖော်နိုင်ရေး ညီနောင်မဟာ မိတ် တပ်ဖွဲ့များ နှင့်အတူ စစ်ကောင်စီကို တိုက် ခိုက်တော့မည်ဖြစ်ကြောင်း PNLO က တရားဝင် ထုတ်ပြန် ကြေညာ လိုက်သည်။

PNLO သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီးသည့်အချိန်မှစ၍ စာချုပ်ပါ အချက်များကို လေးစားလိုက်နာမှု အရှိဆုံးဖြစ်ကြောင်း၊ PNLO အနေဖြင့် စစ်တပ်နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီး စစ်တပ် ဩဇာညောင်းသော ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးမှု အခင်းအကျင်းတွင် ၈ နှစ်တိုင်တိုင် မျှော်လင့် ချက်ကြီးစွာဖြင့် စိတ်ရောကိုယ်ပါ ပါဝင် လုပ်ဆောင်ခဲ့သော်လည်း အာမခံချက်ရှိသော နိုင်ငံရေး ရလဒ်များ ရရှိခြင်း မရှိခဲ့ကြောင်း PNLO က ထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေရွာတွင် PNLA ယာဉ်ကြောင်း ကို ပိတ်ဆို့ ဟန့်တားခြင်းကြောင့် စစ်တပ် လက်အောက်ခံ အသွင်းပြောင်း PNO ပြည်သူ့စစ် နှင့် PNLA တို့အကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ၊ စံဖူး ကျေးရွာ ဖြစ်စဉ်တွင် စစ်မီး မကူးဆက်စေရန်အတွက် စစ်ကောင်စီနှင့် အတတ်နိုင်ဆုံး ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ကြောင်း၊ စစ်ကောင်စီက ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်း PNLO ၏ ဗဟိုဌာနချုပ် အဝန်း အဝိုင်း ရှိ နော်ထော်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် နောင်ထော်ကျေးရွာရှိ အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်မှ အစပြု၍ ဆီဆိုင်မြို့ပေါ်အထိ တိုက်ပွဲများ ကူးစက်သွား ရခြင်းဖြစ်ကြောင်း PNLO က ကြေညာသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း ပြည်သူတစ်ရပ်လုံးက လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကို စစ်တပ်က လက်နက်အားကိုးဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ကြောင်း၊ ထို့ကြောင့် ဆန္ဒပြပွဲတွင် ပါဝင်သော လူငယ်အ များစုက တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် လက်နက်စွဲကိုင်ပြီး စစ်မျက်နှာသစ်ဖွင့်ခဲ့ကြကြောင်း PNLO က ထုတ်ပြန် သည်။

ယခုဖြစ်ပေါ်လျက်ရှိသော စစ်ရေးပဋိပက္ခသည် လူမျိုးရေး ပဋိပက္ခမဟုတ်ဘဲ စစ်အာဏာရှင် ယန္တရားကို လည်ပတ်စေသူ လူတစ်စုနှင့် အဖိနှိပ်ခံ တိုင်းရင်းသား လူမျိုးများ၊ တစ်ပြည်လုံးရှိ ပြည်သူလူထူတို့အကြား ဖြစ်ပွားသော ပဋိပက္ခသာဖြစ်ကြောင်း၊ စစ်အာဏာ ရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင်းတလျက်ရှိသော ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင် နိုင်သည်အထိ ဘ၀တူ ညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွှဲသွားမည်ဖြစ်ကြောင်း PNLO ၏ ကြေညာချက်တွင် ရေးသားထားသည်။

စစ်ကောင်စီကို တိုက်ခိုက်မည်ဖြစ်သော်လည်း ပအိုဝ်းအမျိုးသားအချင်းအချင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခြင်းကို ပြုလုပ်မည်မဟုတ်ကြောင်း၊ စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အောက်တွင် ရပ်တည်နေသော ပအိုဝ်းအမည်ခံ လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် အမျိုးသား လွတ်မြောက်ရေး လမ်းကြောင်းပေါ်သို့ ကူးပြောင်းရပ်တည်ရန် PNLO က လေးနက်စွာ တိုက် တွန်း ထားသည်။

PNLO အနေဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေး ဝါဒကို တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ် တည်ဆောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး စသည့် နိုင်ငံရေး ဦးတည်ချက်များ၊ အတိုင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသားပြည်သူများအနေဖြင့် မိမိတို့ အမျိုးသား အခွင့်အရေးများ ပေါ်ထွန်းလာရေးအတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO နှင့်အတူ ပူးပေါင်းပါဝင်ပေးကြရန် လေးနက်စွာ တိုက်တွန်းကြောင်း အသိပေးကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article