25 C
Yangon

လွိုင်ကော်၊ ဒီးမော့ဆို၊ ရှားတော၊ ဘောလခဲ၊ မိုးဗြဲ၊ ဖယ်ခုံရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်၊ ရွာသစ်မြို့၊ မော်ချီးမြို့နှင့်မယ်စဲ့မြို့နယ်တို့ကို တော်လှန်ရေးတပ်များက အပြီးသတ်ထိန်းချုပ်ရရှိ

Must read

လွိုင်ကော်၊ ဒီးမော့ဆို၊ ရှားတော၊ ဘောလခဲ၊ မိုးဗြဲ၊ ဖယ်ခုံရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်၊ ရွာသစ်မြို့၊ မော်ချီးမြို့နှင့်မယ်စဲ့မြို့နယ်တို့ကို တော်လှန်ရေးတပ်များက အပြီးသတ်ထိန်းချုပ်ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ကရင်နီပြည်၊ လွိုင်ကော်၊ ဒီမော့ဆို၊ ရှားတော၊ ဘောလခဲနှင့် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲနှင့်ဖယ်ခုံတို့ရှိ စစ်ကောင်စီတပ်စခန်း ၂၀ ထက်မနည်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး ရွာသစ်မြို့၊ မော်ချီးမြို့နှင့် မယ်စဲ့မြို့နယ်တို့ကို အပြီးသတ် ထိန်းချုပ် ရရှိကြောင်း KNDF က တရားဝင်သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက (၁၁.၁၁) စစ်ဆင်ရေးဆင်နွဲခဲ့ပြီး လွိုင်ကော်၊ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့များရှိ စစ်ကောင်စီတပ်စခန်း(၂၀)အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လွိုင်ကော်အခြေစိုက် ဒကစ အား ဝိုင်းရံ ခြိန်းခြောက် တိုက်ခိုက် နိုင်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၄ခုနှစ် ဇန်နဝါရီလအတွင်း ဖယ်ခုံမြို့အခြေစိုက် စကခ(၇) ၏ ကာကင်းစခန်းများဖြစ်သည့် လွယ်ပတ္တာ၊ကုန်းဆုံစသော ကာကင်းကုန်းစခန်းများ အားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ခုနှစ် ဇန်နဝါရီလ တတိယအပတ်တွင် ဘောလခဲမြို့နယ်ရှိ ရွာသစ်မြို့နှင့်ဘောလခဲမြို့ အကြားရှိ ၁၂ မိုင်ကုန်း စစ်ကောင်စီ တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်၍ရှင်းလင်းရေးလုပ်ဆောင်နေပြီး ရွာသစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ် နိုင်ခဲ့ကြောင်း၊ ထို့အတူရှားတောမြို့အတွင်းရှိ စစ်ကောင်စီကင်းစခန်းများ အားလုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီး မြို့လယ်ဘုရားကုန်းပေါ်တွင် ကျန်ရှိတပ်စွဲ နေသော လက်တစ်ဆုတ်စာ စစ်ကောင်စီတပ်သားများကို ရှင်းလင်း တိုက်ခိုက် လျက်ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကရင်နီပြည် ရှိ မြို့နယ်အသီးသီးတွင် စစ်ရှိန်မြင့်တက်နေသည့်အပြင် ရှမ်း-ကယားနယ်စပ် ဆီဆိုင်မြို့နယ်အထိပါ တိုက်ပွဲများ ပြင်းထန်လျက်ရှိ ကြောင်း သိရှိရသည်။

အလားတူ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသ အခြေစိုက် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ စခန်းကုန်များအားလုံးမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တိုက်ပွဲတစ်စုံတရာဖြစ်ပွားခြင်းမရှိဘဲ ၄င်းတို့၏ တပ်စွဲရာနေရာများ၊စခန်းများအားလုံးကို စွန့်ပစ် ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း၊ ထို့ကြောင့် မော်ချီးဒေသ တစ်ခုလုံးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်စိုးမိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့တို့တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ စစ်ဆင်ရေးဆင်နွဲ တိုက်ခိုက်ခဲ့ပြီးနောက် မြို့တွင်းနှင့် မြို့အဝင်၊ အထွက်တို့ကို စိုးမိုးနိုင်ခဲ့ကြောင်း၊ ဖယ်ခုံနှင့်မိုးဗြဲမြို့တို့မှ စစ်ကောင်စီတပ်များမှာမြို့ကို ထိန်းချုပ် နိုင်စွမ်းမရှိတော့ဘဲ ၄င်းတို့၏ တပ်ရင်းထဲတွင်သာ ခိုအောင်းတပ်စွဲနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article