25 C
Yangon

စစ်အာဏာရှင်အမြစ်ဖြတ်ရေးနှင့် စစ်ရေး ရည်မှန်းချက်များ လုံး၀လျော့နည်းသွားခြင်းမရှိဘဲ မြန်မာပြည်သူများနှင့်အတူ ရှိနေဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ၃ လပြည့်အဖြစ် ထုတ်ပြန်

Must read

စစ်အာဏာရှင်အမြစ်ဖြတ်ရေးနှင့် စစ်ရေး ရည်မှန်းချက်များ လုံး၀လျော့နည်းသွားခြင်းမရှိဘဲ မြန်မာပြည်သူများနှင့်အတူ ရှိနေဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ၃ လပြည့်အဖြစ် ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မြန်မာပြည်သူများ လိုလားသော စစ်အာဏာရှင်အမြစ်ဖြတ်ရေးနှင့် စစ်ရေး ရည်မှန်းချက်များ လုံး၀လျော့နည်းသွားခြင်းမရှိဘဲ မြန်မာပြည်သူများနှင့်အတူ ရှိနေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ၃ လပြည့်အဖြစ် ထုတ်ပြန်ကြေညာသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်နေ့သည် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် စစ်ဆင်ရေး ၃ လတာပြည့်ဖြစ်ပြီး ညီနောင် မဟာမိတ် ၃ ဖွဲ့ ဋ္၏ စစ်ဆင်ရေးရည်မှန်းချက်များမှာ ပွိင့်ဇီးရိုးဇီးရိုးဝမ်း (.001) မျှပင် လျော့နည်းသွားခြင်းမရှိကြောင်း၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူရှိနေပါကြောင်း ညီနောင်မဟာမိတ်(၃) ဖွဲ၏ မြန်မာပြည်သူလူထု တစ်ရပ်လုံးအပေါ်ထား ရှိသည့် မပြောင်းမလဲသော သဘောထားကို ညီနောင် ၃ ဖွဲ့က ထုတ်ပြန်

ကြေညာသည်။

လက်ရှိတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့ပေါင်း ၁၇ မြို့နှင့် တပ်စခန်းပေါင်း ၅၀၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားများ စတင်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သော စစ်ကောင်စီ တပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက်များနှင့်အကြမ်းဖက် မင်းအောင်လှိုင်၏ ဓာတ်ပုံ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article