25 C
Yangon

ငါန်းဇွန်မြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ငါန်းဇွန်မြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန် – ငါန်းမြာ လမ်း‌ပိုင်းတွင် ငါန်းမြာဘက်မှထွက်ခွာ လာသော အကြမ်းဖက် စစ်သား အင်အား ၃၀ ခန့်ပါ‌ ကား ၂ စီးကို မင်းကြီးကြပ်ကျေးရွာနှင့်ညောင်လေးပင်ကျေးရွာ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၁၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ကား ၁ စီးသည် ထိုးရပ်သွားကာ ကားပေါ် လိုက်ပါလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လမ်းဘေး ပတ်၀န်းကျင်ကို မိနစ် ၃၀ ခန့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)နှင့် မန္တလေးခရိုင်၊ အမှတ် ၅ တပ်ရင်း ရဲဘော်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း M.P.L PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရွာအတွင်းရှိ အဆောက်အဦးများစွာ ထိခိုက် ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို MPL တိုက်နယ် ၄ ပကဖ ၊ အညာဒေါင်း ၊ အညာမုန်တိုင်း ၊ သိန်းငှက်နီ ၊ PCM force ၊ Mying Fighter ဒုံးအဖွဲ့ ၊ မြိုင်ပကဖ ရင်း ၂ ခွဲ ၃ ၊ ဆင်းရိုင်းရာဇာ ၊ မြွေဆိုး ၊ RDF ၊ နှလုံးလှလူမိုက် ၊ မျိုးကြီး ၊ M M K ၊ နံသာမြေယက္ခ ၊ Six Senses ၊ M.U.G.D.F ၊ ဘာမထီ ၊ S.One ၊ နှင်းဂွေး ၊ ဦးလေးကြီး နှင့် အမေ့သား တို့မှ ပူပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article