25 C
Yangon

စစ်ခေါင်းဆောင်နှင့် ဝန်ကြီး အဆင့် မဟုတ်လျှင် အာဆီယံ ထိပ်သီး အစည်း အဝေး မတက်ဟု သဘောထားတင်းမာခဲ့သော စစ်ကောင်စီက အာဆီယံ နိုင်ငံ ခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးသို့ အမျိုးသမီး ကိုယ်စားလှယ် ၁ ဦး ပထမဆုံး စေလွှတ်

Must read

စစ်ခေါင်းဆောင်နှင့် ဝန်ကြီး အဆင့် မဟုတ်လျှင် အာဆီယံ ထိပ်သီး အစည်း အဝေး မတက်ဟု သဘောထားတင်းမာခဲ့သော စစ်ကောင်စီက အာဆီယံ နိုင်ငံ ခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးသို့ အမျိုးသမီး ကိုယ်စားလှယ် ၁ ဦး ပထမဆုံး စေလွှတ်

ရန်ကုန်၊ ဇန်နဝါရီ ၂၉

လာအိုနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးသို့ စစ်ကောင်စီက နိုင်ငံရေး ရာထူးရယူထားခြင်းမရှိသည့် အရပ်ဘက် အမျိုးသမီး အရာရှိကိုယ်စားလှယ် ၁ ဦး စေလွှတ်တက်ခိုင်းကြောင်း ဂျပန်Kyodo သတင်းအရ သိရှိရသည်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်မှုဖြင့် စစ်ကောင်စီကို အာဆီယံက ထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန် ကြီးများအဆင့် အစည်းအဝေး တက်ခွင့်မပြုဘဲ ပိတ်ပင်ထားခဲ့ကြောင်း၊ နိုင်ငံ ရေး ရာထူး ရယူထားသူမဟုတ်သူကိုသာ ကိုယ်စားလှယ်အဖြစ် အာဆီယံအစည်း အဝေးများသို့ စေလွှတ်ရန် အာဆီယံ၏ ဆုံးဖြတ် သတ်မှတ်ချက်ကို စစ်ကောင် စီက ၂၀၂၁ ခုနှစ်မှစတင်၍ ပယ်ချပြီး မည်သူ့ကိုမှ အာဆီယံထိပ်သီးအစည်းအဝေး များသို့ စေလွှတ်ခြင်းမပြုခဲ့ကြောင်း သိရှိရသည်။

အာဆီယံထိပ်သီးနှင့် နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးများသို့ နိုင်ငံအဆင့် ခေါင်းဆောင်နှင့်ဝန်ကြီးအဆင့် တက်ခွင့်မရလျှင် မည်သူ့ကိုမှ ကိုယ် စားလှယ် မစေလွှတ်ဟု စစ်ကောင်စီက ဆုံးဖြတ်ကန့်ကွက်ပြီး ၃ နှစ်တိုင်တိုင် သဘောထားတင်းမာခဲ့ရာမှ ယခု ၂၀၂၄ ခုနှစ်တွင် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအဆင့် အစည်းအဝေးသို့ အမျိုးသမီးကိုယ်စားလှယ် ၁ ဦး စတင်စေလွှတ်လာခြင်းဖြစ်သည်။

ယခု လာအိုနိုင်ငံက အာဆီယံဥက္ကဋ္ဌ ဖြစ်လာချိန်တွင်မူ စစ်ကောင်စီက နိုင်ငံရေးရာထူး ရယူထားသူမဟုတ်သူကိုသာ ကိုယ် စားလှယ်အဖြစ် အာဆီယံအစည်း အဝေးများသို့ စေလွှတ်ရန် ဆိုသည့် အာဆီယံ၏ ဆုံးဖြတ် သတ်မှတ်ချက်ကို စစ်ကောင်စီက ပထမဆုံး အကြိမ် လက်ခံသည့်အနေဖြင့် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအဆင့် အစည်းအဝေးသို့ အမျိုးသားသမီး အရာရှိ တစ်ဦးကို စေလွှတ်ခြင်းလည်းဖြစ်ကြောင်း သိရှိရသည်။

လာအိုနိုင်ငံတွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇန်နဝါရီလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံအခြအနေနှင့်ပတ်သက်ပြီး အာဆီယံအထူးသံတမန်က အစီရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လာအိုနိုင်ငံတွင် ကျင်းပပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်နေသော စစ်ကောင်စီ၏ အမျိုးသမီးအရာရှိ ကိုယ်စားလှယ်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့နှင့်အတူ တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article