37 C
Yangon

ရေစကြို၊ ကြူကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ယခုညပိုင်း မီးတင်ရှို့နေ

Must read

ရေစကြို၊ ကြူကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ယခုညပိုင်း မီးတင်ရှို့နေ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြူကျေးရွာကို စစ်တပ်က ယခုညပိုင်း မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့နံနက်ပိုင်း ရေစကြိုမြို့နယ်၊ ကြူကျေးရွာအနီးရှိ ဆင်မရဲကျေးရွာတွင် စစ်တပ်နှင့် တော်လှန် ရေး တပ်များ တိုက်ပွဲဖြစ်ပွားကြောင်း၊ ယင်းနောက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ ဆင်မရဲကျေးရွာအနီးရှိ ကြူကျေး ရွာ ကို ယနေ့ ညပိုင်း မီးတင်ရှို့နေခြင်းဖြစ်ကြောင်း၊ ကြူကျေးရွာတွင် အိမ်ခြေ ၃၀၀ နီးပါးရှိပြီး တစ်ရွာလုံး ပြာကျသွားကြောင်း သိရှိရသည်။

“ရေစကြိုမြို့နယ် ကြူရွာ ကျေးရွာကို စစ်ခွေးတွေ ဒီည မီးတင်ရှို့နေတာ တစ်ရွာလုံးကုန်ပြီ။ ဒီနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ညနေပိုင်းမှ ညတင်ရှို့တာ။ တိုက်ပွဲက မနက်က ဆင်မရဲမှာ ဖြစ်တယ်။ ကြူရွာမှာမဖြစ်ဘူး။ ရွာမှာ မီးရှို့ခံရတဲ့ရွာက အိမ်ခြေ ခန့်မှန်း နှစ်ရာကျော်၊ သုံးရာနီးပါးတော့ရှိမယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို စစ်ကောင်စီတပ်က ညပိုင်း မီးရှို့နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article