25 C
Yangon

မင်းပြားမြို့နယ်ရှိ ခမရ ၃၈၀ တပ်ရင်းကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ၊ ရမ်းမြဲမြို့ကို စစ်တပ်က ဓာတုအဆိပ်ငွေ့များ လေယာဉ်ဖြင့် ကျဲချတိုက်ခိုက်

Must read

မင်းပြားမြို့နယ်ရှိ ခမရ ၃၈၀ တပ်ရင်းကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ၊ ရမ်းမြဲမြို့ကို စစ်တပ်က ဓာတုအဆိပ်ငွေ့များ လေယာဉ်ဖြင့် ကျဲချတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၈၀ တပ်ရင်းကို ရခိုင်တပ်တော် AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရက္ခိုင်ဒေသ၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ ၏ “ခမရ (၃၈၀) တပ်ရင်း” ကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီက နေ့စဉ်ရက်ဆက် စခန်းတစ်ခုပြီးတစ်ခု စွန့်လွှတ်နေရသည့်အတွက် အဆိုပါတပ်ရင်းကို လေကြောင်းမှ ပစ်ကူပေးခြင်းနှင့် ရေကြောင်းမှ စစ်အင်အားဖြည့်တင်း ခြင်းတို့ဖြင့် အသည်းအသန်ခုခံခဲ့သော်လည်း ရက္ခိုင့်တပ်တော်က ခမရ ၃၈၀ တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်ရေးအရ ရှုံးနိမ့်သော အကြမ်းဖက်စစ်ကောင်စီက မြောက်ဦးမြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး နေအိမ် ၂၀ ကျော်မီးလောင်ခဲ့ကြောင်း၊ အလားတူပင် ရမ်းဗြဲမြို့ကိုလည်း မြေပြင်ထိတွေ့တိုက်ပွဲ ကြီးကြီးမားမားဖြစ်ပွားခြင်းမရှိဘဲ မြို့ကိုပြိုပျက်စေရန် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အပြင် ဂျက်ဖိုက်တာများဖြင့် ဓာတုအဆိပ်ငွေ့သုံး၍ ကြဲချပစ်ခတ်တိုက်ခိုက်ခြင်းများထိပါ ပြုလုပ်လာလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူပင် စစ်တွေအခြေစိုက် စစ်ကောင်စီ၏ “ခမရ ၂၃၂ နှင့် ၃၄၄ တပ်ရင်း” များက ယမန်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် အရပ်သားပြည်သူများနေထိုင်ရာမြို့၊ ရပ်ရွာများသို့ လက်နက်ကြီးများဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်အချို့သည် မင်းပြားမြို့နယ်၊ ငါးစင်ရိုင်းချောင်းအုပ်စု၊ ခွဆုံကျေးရွာနားရှိ လယ်ကွင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ ဥယျာဉ်လုပ်ကိုင် နေကြသည့် ဒေသခံအမျိုးသား (၃) ဦးတို့မှာ လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူပင် ယမန်နေ့ ည ၈ နာရီခွဲအချိန်ခန့်၌လည်း စစ်ကောင်စီ ၏ Y 12 လေယာဉ်သည် ရက္ခိုင်ပြည်၊ ပေါက်တော မြို့နှင့် အနီးတစ်ဝိုက်ကို ဗုံးကျဲတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊

မင်းပြားမြို့နယ်၊ အမ်းသားကျေးရွာသို့ မင်းပြားမြို့ထက်၊ ဥက္ကာပျံရပ်ကွက်မှ စစ်ဘေးလာရှောင်သည့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးသည် အမ်းသားကျေးရွာအနီးရှိ ဖားပြိုကျေးရွာ၊ သင်္ချိူင်းနားမှဖြတ်အသွား စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချခဲ့စဉ် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းအား မတော်တဆတက်နင်းမိခဲ့ပြီး ထိုသို့မိုင်းနင်းမိခဲ့သဖြင့် ညာဖက်မျက်လုံးပွင့်ထွက်ခဲ့ပြီး ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ရကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်ခန့်မှစ၍ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် ၊ ကြာညိုပြင်တံတားစခန်းအနီးတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကာ ယမန်နေ့တွင်လည်း တိုက်ပွဲမှာ ဆက်လက်ရှိနေခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article