26 C
Yangon

အီတလီ၊ မီလန်မြို့တွင် မြန်မာစစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

အီတလီနိုင်ငံ၊ မီလန်မြို့တွင် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းခြင်း မအောင်မြင်မှု ၃ နှစ်ပြည့်အဖြစ် မြန်မာစစ်တပ်နှင့် စစ်အာဏာရှင် ကျဆုံးရေး အီတလီရောက် မြန်မာများက ဆန္ဒပြကြသည်။

မြန်မာစစ်တပ်က ပြည်သူ့အာဏာကိုသိမ်းယူမှုသည် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုလျှင် စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်မြောက်တော့မည်ဖြစ်ရာ အီတလီရောက်မြန်မာများက မီလန်မြို့ Piazza dei Mercantiတွင် စစ်အာဏာ သိမ်းခြင်း မအောင်မြင်မှု ၃ နှစ်ပြည့်အဖြစ် ခုခံတော်လှန်စစ်နှင့်အတူရှိကြောင်း ဆန္ဒ ထုတ်ဖော်ကြသည်။

“ငါ့ဆွေ ငါ့မျိုး၊ ငါ့အကျိုးစီးပွား” သာကြည့်ကြသည့် စစ်အာဏာရှင်စနစ်မပျက်မသုဥ်းမချင်း ပြည်တွင်းမှ တော်လှန်ပြည်သူများနှင့်အတူ အီတလီရောက် မြန်မာများက ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ဆန္ဒပြကြသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article