29.6 C
Yangon

ပလက်ဝမြို့နယ်၊ ဟုမ်းရွာကို စစ်တပ်က လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံးကာ လူနေအိမ်များ ပျက်စီး

Must read

ပလက်ဝမြို့နယ်၊ ဟုမ်းရွာကို စစ်တပ်က လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံးကာ လူနေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်နယ်ဒေသ၊ ဟုမ်းရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦး သေဆုံးကာ လူနေအိမ်များ ပျက်စီးခဲ့ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ပလက်ဝမြို့နယ်၊ ဟုမ်းရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက် ခဲ့ခြင်းကြောင့် ပြည်သူ ၇ ဦးသေဆုံးကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီနေ့ မွန်းလွဲပိုင်းကျဲတော့ ထပ်ကျဲခံရမှာစိုးလို့ လူတွေရွာထဲ သိပ်မဝင်ရဲကြတာ။ ဒီဇင်ဘာ ၁၉ ရက်တုန်းက တစ်ခါ ကျဲဖူးတယ်။ တောထဲ စစ်ဘေးရှောင်ပြီး တချို့ရွာထဲပြန်နေကြတာ။ လူနေအိမ်တွေတော့ အတော်ပျက်စီးတယ်”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ထိခိုက်သေဆုံးသွားသော ပြည်သူ ၇ ဦး၏ အမည်စာရင်းများကို လက်ရှိချိန်ထိ မသိရှိရသေးဘဲ ပြည်သူများလည်း ကျေးရွာအတွင်း ပြန်လည် ဝင်ရောက် နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဟုမ်းရွာကို အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်လည်း လေကြောင်းဖြင့် အကြောင်းမဲ့ ဗုံးကျဲချတိုက်ခိုက်ခဲ့ဖူးပြီး ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ဒုတိယအကြိမ် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article