25 C
Yangon

မုံရွာမြို့နယ်၊ ညောင်ဖြူရွာ ရဲစခန်းနှင့် တောပုရွာ ပျူစောထီးစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

Must read

မုံရွာမြို့နယ်၊ ညောင်ဖြူရွာ ရဲစခန်းနှင့် တောပုရွာ ပျူစောထီးစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူရွာ ရဲစခန်းနှင့် တောပုရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း ၄ – MSPDF တပ် ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်မှ ၂ နာရီ မိနစ် ၃၀ အချိန်အထိ မုံရွာ မြို့နယ်၊ ညောင်ဖြူပင်ရွာ ရဲစခန်းနှင့် တောပုရွာ ပျူစောထီးစခန်းကို Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် AIR BOMB ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနက်ပိုင်းမှာ ရွာထဲက နေအိမ်တွေကို ခွေးတွေက မီးရှို့တယ်၊ မီးရှို့လို့သွားချတာ၊ အပြင်းအထန် ဒဏ်ရာရတဲ့ နှစ်ယောက်တော့ ညနေက သေသွားတယ်၊ နေအိမ် ၄ လုံး လောက်အရှို့ခံရတယ်လို့ တော့ ကြားတယ်၊ ဒရုန်းနဲ့ ဗုံးချတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစ်ပစ်ခတ်တာရှိတယ်၊ ကျနော်တို့ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု စစ်ကိုင်းခရိုင် တပ်ရင်း ၄ – MSPDF တပ် ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင် မဟာ မိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ မုံရွာခရိုင်အမှတ် ၉ တပ်ရင်း၊ မုံရွာခရိုင်အမှတ် ၅ တပ်ရင်း၊ မုံရွာခရိုင်အမှတ် ၇ တပ်ရင်း၊ မိတ္ထီလာ ခရိုင်အမှတ် ၃ တပ်ရင်း၊ CHAUK PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article