25 C
Yangon

ညောင်ဦးမြို့နယ်၊ လက်ထုပ်ကျေးရွာတွင် ပြည်သူ့စစ် ဖွဲ့စည်းရန် ဦးဆောင်နေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ညောင်ဦးမြို့နယ်၊ လက်ထုပ်ကျေးရွာတွင် ပြည်သူ့စစ် ဖွဲ့စည်းရန် ဦးဆောင်နေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ လက်ထုပ်ကျေးရွာမှ ပြည်သူ့စစ် ဖွဲ့စည်းရန် ဦးဆောင်နေသူ ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ညောင်ဦးခရိုင် ပြည်သူ့စစ် တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၅ ရက် နံနက် ၈ နာရီခန့်က ညောင်ဦးမြို့နယ်၊ လက်ထုပ်ကျေးရွာတွင် ပြည်သူ့စစ် (ပျူစောထီး)ဖွဲ့ရန် ဦးဆောင်နေသည့်အပြင် ကျေးရွာနေပြည်သူများအား ပြည်သူ့စစ်ထဲမဝင်လိုပါ က ငွေကျပ် သိန်း ၂၀ ပေးအပ်ရန် အတင်းအဓမ္မ ခြိမ်းခြောက်အနိုင်ကျင့်နေသူ အသက် ၄၆ နှစ်အရွယ် သန်းနိုင်ကို သေနတ်ဖြင့် ၆ ချက် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရ သည်။

“အခုနောက်ပိုင်း ကျနော်တို့မြို့နယ်ဘက်မှာဆိုရင် ပြည်သူ့စစ်ဖွဲ့ဖို့အတွက် လူတွေစုဆောင်းတယ်၊ ပြီး‌တော့ လူအင်အားမပေးနိုင်ရင် ပိုက်ဆံ သိန်း ၂၀ ပေးရမယ်ဆိုပြီး ခြိမ်းခြောက်ဖိအားပေးနေတဲ့ အတွက် ရှင်းလင်းလိုက်ရတာပါ၊ အဓိကကတော့ သူက ပြည်သူ့စစ်ဖွဲ့ဖို့ ဦးဆောင်နေသူပါ” ဟု ညောင်ဦးခရိုင် ပြည်သူ့စစ် တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများကို အတင်းအဓမ္မပြည်သူ့စစ်ထဲဝင်ရန် အတင်းအကြပ်ဖိအား ပေးနေသော အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင် အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများကို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ပြည်သူ့စစ် တိုက်ဖျက်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article