25 C
Yangon

ကျိုက်ထိုမြို့နယ် ၊ ခရွဲကျေးရွာကို စစ်တက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၄ လုံးပျက်စီး၊ ဝန်းသိုမြို့နယ်တွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်

Must read

ကျိုက်ထိုမြို့နယ် ၊ ခရွဲကျေးရွာကို စစ်တက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၄ လုံးပျက်စီး၊ ဝန်းသိုမြို့နယ်တွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ ခရွဲကျေးရွာကို အကြမ်းဖက် စစ်တက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဝေါမြို့နယ်၊ အုန်းတော ဘုန်းကြီးကျောင်းဘေးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာရှိ ဘုရားကုန်းဘုန်းကြီးကျောင်းကို ၂ လုံး၊ ခရွဲကျေးရွာ အတွင်းကို ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ရွာလည်ပိုင်းရှိ ခြံမြေအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုမရှိဘဲ လက်နက်ကြီး ကျည်စ ထိမှန်သောကြောင့် နေအိမ် ၄ လုံး ထိမှန် ပျက်ဆီးခဲ့ပြီး မီးကြိုး ၂ ကြိုးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ကောလင်းခရိုင် တပ်ရင်း ၂ ထံမှ သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၃ မိနစ်နှင့် ၅၆ မိနစ်တွင် ဝန်းသိုမြို့ရှိ အကြမ်းဖက် စစ်တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ၂ ကြိမ် ပစ်ခတ်ခြင်းကြောင့် ကျေးရွာများအနီး ကျရောက် ပေါက်ကွဲကာ ပြည်သူများ ထိခိုက်မှုမရှိဘဲ နွား ၁ ကောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article