25 C
Yangon

မူးယစ်ဆေးဝါးအမှု၊ ငွေကြေးခဝါချမှု အပါအဝင် အမှုများဖြင့် ဖမ်းဆီးခံထားရသူ ထွန်းမင်းလတ်ကို ထိုင်းတရားရုံးက တရားသေ ပြန်လွှတ်ပေး

Must read

မူးယစ်ဆေးဝါးအမှု၊ ငွေကြေးခဝါချမှု အပါအဝင် အမှုများဖြင့် ဖမ်းဆီးခံထားရသူ ထွန်းမင်းလတ်ကို ထိုင်းတရားရုံးက တရားသေ ပြန်လွှတ်ပေး

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးအမှု၊ ငွေကြေးခဝါချမှု အပါအဝင် အမှုများဖြင့် ဖမ်းဆီးခဲ့သော ထွန်းမင်းလတ်ကို ထိုင်းတရားရုံးက အပြစ်မရှိဟုဆိုကာ ယနေ့ တရားသေ ပြန်လွှတ်ပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရှိရ သည်။

အကြမ်းဖက်မင်းအောင်လှိုင်၏ လူယုံဖြစ်ပြီး မင်းအောင်လှိုင်သား၊ သမီးများနှင့် ဆက်နွယ်နေသော ထွန်းမင်းလတ်ကို လွန်ခဲ့သော ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု သံသယဖြင့် ဖမ်းဆီးခဲ့ကြောင်း၊ ယနေ့တွင် အသက် ၅၄ နှစ် အရွယ် ထွန်းမင်းလတ်နှင့် ဖမ်းဆီးထားသူများကို လုံလောက်သော သက်သေအထောက်အထား မရှိဟုဆိုကာ တရားသေ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထွန်းမင်းလတ်သည် ဟိုတယ်လုပ်ငန်း၊ စွမ်းအင်နှင့်သတ္တု လုပ်ငန်းများ လုပ် ကိုင်သူဖြစ်သည့်အပြင် မြန်မာစစ်တပ်အတွက် လက်နက်ပွဲစား လုပ်ကိုင်ပေးသူဖြစ်ကြောင်း၊ အကြမ်းဖက် မင်းအောင်လှိုင်နှင့် အလွန်နီးစပ်သူဖြစ်ကြောင်း သိရှိရသည်။

ခရိုနီ ထွန်းမင်းလတ်၏ ကွန်ဒိုကို ၂၀၂၂ ခုနှစ်တွင် ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ်က မင်းအောင်လှိုင်သားအောင်ပြည့်စုံ ပိုင်ဆိုင်သည့် ဘန်ကောက်ကွန်ဒိုခန်းနှင့်ပတ်သက်သော စာရွက်စာတမ်း၊ မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်၏ ထိုင်းဘဏ်စာအုပ်တို့ကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

ထိုင်း အထက်လွှတ်တော်အမတ် Upakit Pacharirangkun သည် ထွန်းမင်းလတ်နှင့်ဆက်နွယ်၍ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ငွေကြေးခဝါချမှုတွင် ပူးပေါင်းပါဝင်မှုဖြင့် လွန်ခဲ့သောလက စွဲချက်တင်ခံထားရပြီး ပထမအကြိမ် ကြားနာမှုကို မေလတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article