25 C
Yangon

မုံရွာမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကား ၁ စီးပျက်စီး၊ ကျိုက်ထို – ဘီးလင်း လမ်းပိုင်းတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်ဝါရီ ၃၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းနှင့် တောပုရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၉ ရက် နံနက် ၈ နာရီမှ ၉ နာရီအထိ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းရှိ စစ်ကောင်စီ တပ်သားများကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် AIR BOMB ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၉ ရက် ညနေ ၄ နာရီမှ ၆ နာရီအချိန်အထိ ညောင်ဖြူရဲစခန်းနှင့် တောပု ပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်သားများကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၁၀ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီတပ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်ပါတယ်၊ အတိအကျ မသိရသေးဘူး၊ ညောင်ဖြူရဲစခန်းထဲကတော့ ကားတစ်စီးပျက်စီးတယ်လို့ သတင်းရထားပါတယ်” ဟု စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင်မဟာ မိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ မုံရွာခရိုင်အမှတ် ၉ တပ်ရင်း ၊ မုံရွာခရိုင်အမှတ် ၅ တပ်ရင်း၊ မုံရွာခရိုင်အမှတ် ၈ တပ်ရင်း ၊ မုံရွာခရိုင် အမှတ် ၇ တပ်ရင်း၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း၊ CHAUK PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထို – ဘီးလင်းကြား လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးထွန်းထွန်းနှင့်တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက် ညနေ ၃ နာရီခန့်က ကျိုက်ထိုမြို့မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင် လာသော Honda Fit ခဲရောင်ယာဉ်တစ်စီးဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးထွန်းထွန်း နှင့် တပ်ဖွဲ့ ၃ ဦးကို ထွက်ခွာလာရာ ကျိုက်ထို – ဘီးလင်း ကြား အဝေးပြေးလမ်းမကြီးပေါ် တနေရာ အရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF နှင့် ကျိုက်ထိုပကဖတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၂ မှ ညောင်ဝိုင်းကျေးရွာဘက်သို့ လက်နက်ကြီး ၂ လုံး၊ သံတံတားဂိတ်မှ သရက်ကုန်းကျေးရွာ အောက်ပိုင်းသို့ ၂ လုံး ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article