25 C
Yangon

အကြမ်းဖက်စစ်ကောင်စီက အပြောင်းအလဲမရှိဘဲ အာဏာသိမ်းမှု သက်တမ်း ၆ လ ထပ်တိုးပြန်၊ ကာ/လုံတွင် စစ်အင်အား တိုးမြှင့် သုံး၍ ဆုံးရှုံးသော နယ်မြေများ ပြန်သိမ်းရန် ဆွေးနွေးခွင့်ပြုမှုရှိဟုဆို

Must read

အကြမ်းဖက်စစ်ကောင်စီက အပြောင်းအလဲမရှိဘဲ အာဏာသိမ်းမှု သက်တမ်း ၆ လ ထပ်တိုးပြန်၊ ကာ/လုံတွင် စစ်အင်အား တိုးမြှင့် သုံး၍ ဆုံးရှုံးသော နယ်မြေများ ပြန်သိမ်းရန် ဆွေးနွေးခွင့်ပြုမှုရှိဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၃၁

အကြမ်းဖက်စစ်ကောင်စီက တစ်စုံတစ်ရာ အပြောင်းအလဲမရှိဘဲ အာဏာသိမ်းမှုကို သက်တမ်း ထပ်မံ ၆ လတိုးလိုက်ကြောင်း စစ်ကောင်စီက တရားဝင် ထုတ်ပြန်ကြေညာသည်။

ယနေ့ ကျင်းပသည့် စစ်ကောင်စီ၏ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးတွင် အကြမ်းဖက်စစ်ကောင်စီအတွင်း လက်ရှိ ဆုံးရှုံးသွားသော ရှမ်းမြောက်ဒေသ ၁၇ မြို့ အပါအဝင် မြို့ပေါင်း ၃၀ ကျော်ကို ပြန်လည် ရယူရန်အတွက် စစ်တပ်က အင်အားများ တိုးမြှင့်သုံး၍ နယ်မြေများ ပြန်လည် သိမ်းယူရန် တင်ပြ ဆွေးနွေးမှု ရှိကြောင်း သိရှိရသည်။

“ကာ/လုံမှာ ဆွေးနွေးတဲ့အထဲမှာ ဆုံးရှုံးတဲ့နယ်မြေတွေကို မီးကုန်ယမ်းကုန် အင်အားသုံးပြီး ပြန်ယူဖို့ သဘောတူညီမှု ရှိတယ်လို့ ကျနော်တို့ ကြားရပါတယ်။ အဲဒီအချက်ကိုတော့ သူတို့ ထုတ်ပြန်ချက်မှာ ပါတာမတွေ့ရဘူး။ သဘောကတော့ စစ်ဆက်တိုက်ဦးမယ်။ စစ်တိုက်ဖို့ သက်တမ်း ထပ်တိုးပေးပါဆိုပြီး တပ်ချုပ်ဘက်က ပြောတာမျိုးလို့သိရတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article