25 C
Yangon

ကော့ကရိတ်မြို့နယ်၊ ချောင်းတောင်မြို့မဘုရား၊ အလက ၂ နှင့် တောင်ပေါ်ရပ်လမ်းဆုံတို့တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံး၊ ထောက်လှမ်းရန်လာသော စစ်သားနှင့် ရဲ ၅ ဦးကို အရှင်ဖမ်းမိ

Must read

ကော့ကရိတ်မြို့နယ်၊ ချောင်းတောင်မြို့မဘုရား၊ အလက ၂ နှင့် တောင်ပေါ်ရပ်လမ်းဆုံတို့တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံး၊ ထောက်လှမ်းရန်လာသော စစ်သားနှင့် ရဲ ၅ ဦးကို အရှင်ဖမ်းမိ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ချောင်းမြို့မဘုရား၊ အလက -၂ နှင့်တောင်ပေါ်ရပ် လမ်းဆုံးတို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း ထံမှ သိရသည်။

ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီခန့်က ကော့ကရိတ်မြို့နယ်၊ ချောင်းတောင်မြို့မ ဘုရား၌ တပ်စွဲ ထားသော စစ်ကောင်စီတပ်များကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ကော့ကရိတ်မြို့ အလက ၂ ကျောင်း၊ တောင်ပေါ်ရပ်လမ်းဆုံ၌ နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ကျားဖြူစစ်ကြောင်း တပ်ခွဲ ၁ နှင့် ပူးပေါင်းမဟာမိတ် စစ်ကြောင်းများ၊ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၂ ၊ တပ်ခွဲ ၆ နှင့် နယ်မြေခံ ပူးပေါင်းစ၊စ်ကြောင်းတို့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ၈ တိုင်နှင့် ၉ တိုင်ကြား၌ ကျား ဖြူ စစ်ကြောင်း တပ်ခွဲ ၃ ၊ ဂဠုန်စစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့များမှ နယ်မြေရှင်းလင်းရေး ပြုလုပ်နေ စဉ် လာရောက် ထောက်လှမ်းသော ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် စကခ – ၁၂ မှ စစ်သား ၃ ဦးတို့ကို ဖမ်းဆီး ရရှိခဲ့ပြီး KNDO တပ်ရင်း ၆ သို့ သုံ့ပန်းဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကျားဖြူစစ် ကြောင်းက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article