25 C
Yangon

ဖေဖော်ဝါရီလ ၁ ရက်နေ့ တောင်ကြီးတွင် စျေးဆိုင်များ ပိတ်သိမ်း၍ အသံတိတ် သပိတ်ပါဝင်မည်ဆိုပါက ဆိုင်ကို ချိတ်ပိတ်၍ ပိုင်ဆိုင်မှု သိမ်းဆည်းမည်ဟု ခြိမ်းခြောက်

Must read

ဖေဖော်ဝါရီလ ၁ ရက်နေ့ တောင်ကြီးတွင် စျေးဆိုင်များ ပိတ်သိမ်း၍ အသံတိတ် သပိတ်ပါဝင်မည်ဆိုပါက ဆိုင်ကို ချိတ်ပိတ်၍ ပိုင်ဆိုင်မှု သိမ်းဆည်းမည်ဟု ခြိမ်းခြောက်

■ စစ်တပ်နှင့်PNOက တောင်ကြီး၊ ဟိုပုံးနှင့်ပင်လောင်းတွင် လူထုဆန္ဒပြပွဲများ အတင်းအကျပ် လုပ်ခိုင်းနေ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တောင်ကြီးတွင် စျေးဆိုင်များ ပိတ်သိမ်း၍ အသံတိတ် သပိတ်တွင်ပါဝင်မည်ဆိုပါက ဆိုင်များကို ချိတ်ပိတ်၍ ပိုင်ဆိုင်မှုကို သိမ်းဆည်းမည်ဟု စစ်တပ်နှင့်စည်ပင်က ခြိမ်းခြောက်လာကြောင်း တောင်ကြီးမှ စျေးဆိုင်ပိုင်ရှင်တချို့က ပြောဆိုသည်။

“ဆိုင်တိုင်းကိုပဲ ပြောသလား၊ တို့ဆိုင်ပဲ ဦးတည် လာပြောသလားတော့မသိဘူးနော်။ သူတို့ပြောတာက မနက်ဖြန် ဆိုင်ပိတ်လို့မရဘူး။ ဆိုင်ပိတ်ရင် ဆိုင်ကိုလည်းသိမ်းမယ်။ အိမ်ကိုလည်း သိမ်းမယ်။ ပိုင်ဆိုင်မှုတွေ အကုန်သိမ်းမယ်။ ဆိုင်ပိုင်ရှင်လည်း ဖမ်းမယ်ပြောတယ်။ အဲဒါ မပိတ်ရဘူးလို့ လာပြောသွားတယ်။ ဆိုင်ကတော့ မပိတ်ပါဘူး။ ဆိုင်ထဲမှာပဲ ဆိုင်ဖွင့်ပြီး ဘာမှ မလုပ်ဘဲ အိပ်နေဖြစ်မှာပါ” ဟု တောင်ကြီးမှ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် တောင်ကြီးမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ မဖြစ်မနေ ကျောင်းတက်ရန်နှင့် ကျောင်းပျက်ကွက်ပါက ကျောင်းထုတ်ခံရမည်ဟု ခြိမ်းခြောက်မှုများ ရှိကြောင်း သိရှိရသည်။

အလားတူ စစ်တပ်နှင့် PNO က တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်တို့တွင် စစ်တပ်ထောက်ခံပွဲနှင့် MNDAA ၊ PNLA ရှုတ်ချပွဲများ လုပ်ဆောင်ရန် ရွာများမှ ပြည်သူများကို အတင်းအဓမ္မ စုဆောင်းနေကြောင်း၊ အသံတိ သပိတ်ကို ဖျက်ဆီးရန်အတွက် စစ်တပ်ထောက်ခံပွဲများကို တစ်ရွာလျှင် လူဦးရေ ၂၁ ဦးနှုန်း မဖြစ်မနေ တက်ရောက် ခိုင်းနေကြောင်း သိရှိရသည်။

“မနက်ဖြန်တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ် ၊ ပင်လောင်းမြို့နယ်က ရွာတွေအကုန်လုံးကို PNO ပြည်သူ့စစ်တွေက တစ်ရွာ၂၁ ဦး နှုန်းနဲ့ အတင်းအဓ္ဓမ ခိုင်းစေပြီး ဆန္ဒပြခိုင်းတယ်။ မသွားချင်ကြပေမယ့် အရွေးခံထားရသူတွေက သွားပေးရမယ်။ ပြည်သူ့စစ်အဖြစ်စ်လည်း ခေါ်တယ်။ တစ်အိမ်ကို တစ်သိန်းနှုန်းလည်း ထည့်ပေးရတယ်” ဟု ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရှမ်းပြည်နယ်၊ တောင်ကြီးတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article