25 C
Yangon

နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ပစ်ခတ် တိုက်ခိုက်၊ ရေစကြိုမြို့နယ်တွင် မိုင်းရှာနေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ပစ်ခတ် တိုက်ခိုက်၊ ရေစကြိုမြို့နယ်တွင် မိုင်းရှာနေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၁

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၆ နာရီ ၂၇ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာမှ စစ်သားနှင့် ရဲ အင်အား ၃၀ ကျော်ရှိ စစ်ဆေးရေးဂိတ်ကို OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုမှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“အထိခိုက်တော့ ရှိတယ် သတင်းကြားရတယ်။ အတိအကျတော့ အတည်မပြုနိုင်သေးပါဘူး။ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ခွေးတွေက နာရီဝက်ကျော် ၁ နာရီ နီးပါး ကြောက်လန့်ပြီး ရမ်းသမ်းပြစ်နေကြတာလည်း တွေ့ရပါတယ်။ အသံတိတ် သပိတ်အကြိုအဖြစ် နတ်မောက်အရှေ့ခြမ်းမှာ ဆိုးသွမ်းပြီး ပြည်သူကို အနိုင်ကျင့်ရမ်းကားနေတဲ့ စစ်ခွေးအုပ်စုကို သွားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေးခါးဂိတ်အနီးတွင် မိုင်းရှာနေသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း Urban Underground Revolution Force-YSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နံနက် ၁၁ နာရီ ၂ မိနစ်တွင် ရေစကြိုမြို့နယ်၊ တောင်လက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပြန်လာသည့် အကြမ်းဖက် စစ်သားများကို ကျောက်လှေခါး တိုးဂိတ်ရှေ့ အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက အရောင်ပြမိုင်းချထားပြီး အကြမ်းဖက် စစ်သားများက ပစ်ခတ် ဖောက်ခွဲကာ ကျန်ရှိနေသော မိုင်းများကို ဆက်လက် ရှာဖွေနေစဥ် ပေပါမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အရောင်ပြ မိုင်းချထားတာကို သူတို့မြင်သွားပြီး ပေ ၁၅၀ ခန့်အကွာကနေ အချက် ၅၀ လောက် သေနတ်နဲ့ လှမ်းပစ်ပြီး ဖောက်ခွဲလိုက်တယ်။ ဖောက်ခွဲပြီးတော့ စစ်သား ၁၅ ကောင်က တိုးဂိတ်ထဲဝင်ပြီး ကျန်တဲ့မိုင်းတွေကို ရှာနေတုန်း ပေပါမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်လိုက်တာ ၂ က​ောင်သေပြီး ၅ ကောင်ဒဏ်ရာရတယ်” ဟု Urban Underground Revolution Force-YSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သား အလောင်းများနှင့် ဒဏ်ရာရသူများကို ယနေ့ မွန်းလွဲ ၁၂ နာရီခန့် ပခုက္ကူမှလာသည့် စူပါကာစတန်ကားဖြင့် ပခုက္ကူ ဘက်ကို သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Urban Underground Revolution Force-YSO နှင့် ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article