25 C
Yangon

Breaking News- ရန်ကုန်နှင့်မန္တလေးတွင် အသံတိတ်သပိတ်ကို ဖျက်ဆီးရေး စစ်တပ်ထောက်ခံပွဲများ ကျင်းပရန် အရေးပေါ် ညွှန်ကြားလိုက်ပြီး မြို့နယ်တစ်ခုလျှင် မဘသနှင့်ပျူစောထီး ၅၀ ဦးမှ ၁၀၀ ဦးခန့် လူစုခိုင်းထား

Must read

Breaking News- ရန်ကုန်နှင့်မန္တလေးတွင် အသံတိတ်သပိတ်ကို ဖျက်ဆီးရေး စစ်တပ်ထောက်ခံပွဲများ ကျင်းပရန် အရေးပေါ် ညွှန်ကြားလိုက်ပြီး မြို့နယ်တစ်ခုလျှင် မဘသနှင့်ပျူစောထီး ၅၀ ဦးမှ ၁၀၀ ဦးခန့် လူစုခိုင်းထား

■ စစ်မှုထမ်းဟောင်းများက ကားများဖြင့် စစ်ချီတေးများဖွင့်၍ ရန်ကုန်မြို့အနှံ့လှည့်လည်ကြမည်

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ရန်ကုန်နှင့်မန္တလေးတွင် အသံတိတ်သပိတ်ကို တန်ပြန်ရန်အတွက် စစ်တပ်ထောက်ခံပွဲများ ကျင်းပရန် အရေးပေါ် ညွှန်ကြားလိုက်ပြီး မြို့နယ်တစ်ခုလျှင် မဘသနှင့်ပျူစောထီး ၅၀ ဦးမှ ၁၀၀ ဦးခန့် လူစုခိုင်းထားကြောင်း စစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်အဖြစ် စစ်တပ်ထောက်ခံပွဲများကို ရန်ကုန်နှင့်မန္တလေး အပါအဝင် မြို့ကြီများတွင် တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ကြောင်း၊ ရန်ကုန်တွင် စစ်မှုထမ်းဟောင်းများ၊ ပျူစောထီးများနှင့်မဘသများက မြို့တော်ခန်းမတွင် စုစည်းမည့်အပြင် ရန်ကုန်တစ်မြို့လုံးသို့ ကားများဖြင့် လှည့်လည်မည် ဖြစ်ကြောင်း၊ စစ်တပ်ထောက်ခံသော သီချင်းများကိုလည်း ကားများဖြင့် ရန်ကုန်တစ်မြို့လုံး လှည့်လည်ဖွင့်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

“မနက်ဖြန် ၁ရက်နေ့စစ်အာဏာသိမ်း ၃နှစ်ပြည့်မှာ မအလ ထောက်ခံပွဲ၊ စစ်တပ်ထောက်ခံပွဲကို ရန်ကုန်မှာ လုပ်မယ်။

မြို့နယ်တိုင်းတစ်မြို့နယ်ကို ပျူစောထီး၊ ဒလန် မဘသ စုစုပေါင်း အင်အား ၅၀ နဲ့ ၁၀၀ ထုတ်ခိုင်းပါတယ်။ YRTA မှ YBS ကားတွေ တစ်မြို့နယ် တစ်စီး အခုညကတည်းကပို့ထားပါတယ်။ မြို့နယ်တိုင်းက စစ်မှုထမ်းဟောင်းတွေကလည်း ကားတွေနဲ့ ရန်ကုန်လှည့်လည်မယ်။ ဆူးလေ မြို့တော်ခန်းမရှေ့မှာ စုမယ်” ဟု စစ်တပ်နှင့်နီးစပ်သေ သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီက လုံခြုံရေးပါ တိုးမြှင့်ထားပြီး ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်း ၊ လမ်းဆုံလမ်းခွတိုင်းတွင် အရပ်ဝတ်နှင့်ကင်းပုန်းများ ချထားမည်ဖြစ်ကြောင်း သိရှိရသည်။

“မြို့နယ်တိုင်း ရပ်ကွက်တိုင်း လမ်းဆုံလမ်းခွ တံတားအတက်အဆင်းတွေနဲ့ အထင်ကရ နေရာတွေမှာ ရပ်ကွက် ရာအိမ်မှူး၊ ဆယ်မှူးများ၊ဒလန်တွေကို မနက်ဖြန် မနက် ၆နာရီမှ ညနေ ၆နာရီထိ လုံခြုံရေး ကင်းပုန်း လှည်းကင်းများချထားဆောင်ရွက်ခိုင်းထားပါတယ်။ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ သတိရှိဖို့လိုပါတယ်။ မစ်ရှင်လုပ်မယ့်အဖွဲ့တွေအနေနဲ့ သတိပြုသင့်ပါတယ်။ စစ်တပ်နဲ့ရဲကတော့ အခုညကတည်းက ကင်းပုန်းတွေ ဝပ်နေပါတယ်” ဟု စစ်တပ်နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်မြို့ရှိ စစ်တပ်ထောက်ခံပွဲတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AFP ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article