25 C
Yangon

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ ပစ်ခတ်မှု ပြည်သူ တချို့ ထိခိုက် သေဆုံးမှုရှိ

Must read

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ ပစ်ခတ်မှု ပြည်သူ တချို့ ထိခိုက် သေဆုံးမှုရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ပြည်သူ တချို့ ထိခိုက် သေဆုံးမှုရှိကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးသည် ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ သင်တောရွာဘုန်းကြီးကျောင်း ၊ဇော်ချောင်းရွာဘုန်းကြီးကျောင်းနှင့် ကံကြီးရွာ တောင်ပိုင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သင်တောရွာမှ ပြည်သူ တချို့ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ထို့ပြင် နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ ဒုတိယအကြိမ် တက်လာသည့် ဂျက်ဖိုက်တာ ၁ စီးသည် ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ပင့်သာ (တည်ပင်)ရွာ အနီးတဝိုက်ကို ထပ်မံ ဗုံးကျဲ ပစ်ခတ်ခဲ့ပြီး ပြည်သူများ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

“ဘာတိုက်ပွဲမှ မရှိဘဲပစ်တာပါ။ ပြည်သူတွေနေတဲ့ ကျေးရွာတွေကို ပစ်တာ သင်တောရွာမှာတော့ ထိခိုက်သေဆုံးရှိတယ်လို့ သိရတယ်။ စစ်ခွေးတွေက ဖုန်းလိုင်းတွပါ ဖြတ်ထားတော့ အတိအကျတော့ မသိရသေးဘူး” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article