25 C
Yangon

လက်ပံတောင်းတောင်ဒေသ အင်အားစုက သပိတ်စစ်ကြောင်း

Must read

လက်ပံတောင်းတောင်ဒေသ အင်အားစုက သပိတ်စစ်ကြောင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

လက်ပံတောင်းတောင်ဒေသတွင် တော်လှန်ရေးသုံးနှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို လူထုအင်အားများစွာနှင့် ပြုလုပ်ခဲ့ကြပြီး တော်လှန်ဖျော်ဖြေ တင်ဆက်မှုများလည်း တင်ဆက်ခဲ့ကြသည်။

အဆိုပါ သပိတ်စစ်ကြောင်းကို လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစု ဦးဆောင်၍ မကွေးလူထုတိုက်ပွဲကော်မတီ၊ ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီတို့က ဝန်းရံချီတက်ခဲ့ကြကာ သပိတ်တရား၊ နိုင်ငံရေးတရားများ ဟောပြောခဲ့ကြပြီး စုစုစည်းစည်းဖြင့် တက်စုံဖွင့်၊ ရွက်ကုန်လွှင့်လို့ အဆုံးသတ်အောင်ပွဲကို ဆင်နွှဲကြဖို့လည်း နှိုးဆော်တိုက်တွန်းခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article